ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာတီတာရဲ့အသင်းကို ပိုမိုပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒီကလန် ရိုက်စ်ဟာ ချဲလ်ဆီးအသင်းထက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာတီတာရဲ့အသင်းကို ပိုမိုပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ချဲလ်ဆီးဟာ ဝက်စ်ဟမ်း ကွင်းလယ်ကစားသမားကို ကာလရှည် သဘောကျခဲ့တာဖြစ်ပြီး ယခုရာသီကုန်မှာ ဂရေဟမ် ပေါ့တားရဲ့ လူစာရင်းကို ပိုလို့တောင် သွေးသစ်လောင်းသွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုအပတ်မှာ ဂန်းနားတွေဟာ နွေရာသီတွက် အင်္ဂလန်ကွင်းလယ်ကစားသမားကို ၎င်းတို့ရဲ့ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့တယ်ဆိုတဲ့သတင်း ယခုအပတ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ ဂန်းနားတွေဆီကနေ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့ ကလပ်အသင်းမှာ ကစားချင်နေတာကြောင့် ယခုရာသီကုန်မှာ ဒီကလန် ရိုက်စ်ကို ရောင်းချသွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။ ချဲလ်ဆီးဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် The Guardian ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းကွင်းလယ်ကစားသမားဟာ နည်းပြ အာတီတာလက်အောက်မှာ ကစားရမှာဖြစ်တာကြောင့် အာဆင်နယ်ကို ပိုပြီးတော့ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

အာတီတာဟာ ဒီကလန် ရိုက်စ်ရဲ့ အမာခံရိသတ်ဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အမ်းမရိတ်စ်က ၎င်းရဲ့ကစားကွက်ထဲ ဘယ်နေရာမှာ အံဝင်မလဲဆိုတာကိုတောင် အစီအစဉ်ဆွဲထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ ဒီကလန် ရိုက်စ်က အာတီတာက ၎င်းရဲ့ခြေစွမ်းကို တိုးတက်လာအောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်ထားပြီး ကွင်းလယ်ကစားသမားအတွက် မြောက်လန်ဒန်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်စေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

Share

Loading Next Article...
က္က