ယခုလမှာ နယ်သာလန်ကြယ်ပွင့်ကို ခေါ်ယူနိုင်ခြေရှိနေတယ်လို့ လီဗာပူးလ်ပရိသတ်တွေကြားမှာ စိတ်လှုပ်ရှားမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ရိုင်ယန် ဂရာဗင်ဘာ့ချ်ရဲ့အေးဂျင့်ကို လီဗာပူးလ်ရဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲမတိုင်ခင် စနေနေ့ အန်းဖီးမှာ မြင်တွေ့ခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အဆင့် ၄ နေရာက စပါးစ်နဲ့ ၁၀ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းက ယခုနွေရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး အထူးသဖြင့် ကွင်းလယ်ကို သွေးသစ်လောင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်နဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်လည်း လအတော်ကြာ သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကြယ်ပွင့် မေဆန် မောင့်ကလည်း နွေရာသီပစ်မှတ်အဖြစ် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂရာဗင်ဘာ့ချ်ရဲ့အေးဂျင့်ကို ယခုအပတ် လီဗာပူးလ်မြို့မှာ မြင်တွေ့ခဲ့ရတာကြောင့် ယခုလမှာ နယ်သာလန်ကြယ်ပွင့်ကို ခေါ်ယူနိုင်ခြေရှိနေတယ်လို့ လီဗာပူးလ်ပရိသတ်တွေကြားမှာ စိတ်လှုပ်ရှားမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဂရာဗင်ဘာ့ချ်ရဲ့အေးဂျင့် ရာဖယ်လာ ပီမန်တာက လီဗာပူးလ်ရဲ့အိမ်ကွင်းကို အလည်အပတ်ထွက်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားထားတဲ့ အင်စတာဂရမ်စတိုရီကို တင်ခဲ့တာဖြစ်ပါတယ်။ ပီမန်တာဟာ စနေနေ့က အန်းဖီးကွင်းအပြင်ဘက်မှာ ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ချဲလ်ဆီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။


အဲဒီစတိုရီဟာ အသက် ၂၀ အရွယ် ကစားသမားက လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ကောလာဟလတွေထွက်ပေါ်နေချိန်မှာ တင်ခဲ့တာဖြစ်ပြီး ဂရာဗင်ဘာ့ချ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ အိုင်းယက်စ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပမေယ့်လည်း ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးအတွက် တစ်ပွဲကို ပျမ်းမျှ မိနစ် ၃၀ သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကွင်းလယ်ကစားသမားဟာ ယခုရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ခွင့်ပေးခြင်း ခံထားရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပီမန်တာအနေနဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ပွဲကို တက်ရောက်ကြည့်ရှုခဲ့တာဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒန်ဇယ် ဒမ်ဖရီစ်အတွက်လားဆိုတာကို စောင့်ကြည့်သွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က