ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီးရှပ်စ် ဂျူနီယာက အက်သလက်တီကို မက်ဒရစ်နဲ့ နောက်ဆုံးတွေ့ဆုံမှုအပြီးမှာ မြို့ခံပြိုင်ဘက်တွေကို ရည်ရွယ်ပြီး လေတိုက်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကြာသပတေးနေ့ညက ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘာနေဗျူးမှာ အက်သလက်တီကို မက်ဒရစ်အသင်းကို လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အချိန်ပိုအထိ ယှဉ်ပြိုင်ခဲ့ရပြီးနောက် ကာလို အန်ဆလော့တီရဲ့အသင်းက ၃-၁ နဲ့ အနိုင် ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဗင်နီးရှပ်စ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို အချိန်ပိုမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပြီး ပွဲကို အဆုံးသတ်ပေးနိုင်ခဲ့သူဖြစ်ပြီး ပွဲအပြီးမှာ "မက်ဒရစ်ဆိုတာ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့အားလုံးသိကြပါတယ်"လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ တွစ်တာပို့စ်ဟာ ပြင်းထန်တဲ့ ပွဲစဉ်အပြီးမှာ ရေးသားခဲ့တာဖြစ်ပြီး ပွဲမတိုင်ခင်ကတည်းက ကွင်းပြင်ပမှာ နှစ်ဖက်အသင်းကြား အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ ပွဲဆူနေခဲ့တာဖြစ်ပါတယ်။ CNN ရဲ့သတင်းအရ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ကျောနံပါတ် ၂၀ ဂျာစီဟာ ရီးရဲလ်မက်ဒရစ်အသင်း လေ့ကျင့်ရေးကွင်းနဲ့ နီးစပ်တဲ့ တံတားတစ်ခုမှာ တွဲလောင်း ချိတ်ဆွဲထားခြင်းခံခဲ့ရတာဖြစ်ပြီး စပိန်ဘာသာနဲ့ 'မက်ဒရစ်က ရီးရဲလ်ကို မုန်းတယ်'ဆိုတဲ့ စာသားကိုလည်း ရေးသားထားတာဖြစ်ပါတယ်။