ကန်ဆယ်လိုဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပြီး ဂွါဒီယိုလာရဲ့ ပထမအသင်းမှာ ပုံမှန်ပွဲထွက်ကစားချိန်ကလည်း သိသိသာသာ လျှော့ချခြင်း ခံခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနောက်ခံကစားသမား ဂျာအို ကန်ဆယ်လိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီး အံ့အားသင့်ဖွယ် အငှားစာချုပ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ၂ နှစ်ဆက်တိုက် အောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တဲ့ ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွက် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကန်ဆယ်လိုဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပြီး ဂွါဒီယိုလာရဲ့ ပထမအသင်းမှာ ပုံမှန်ပွဲထွက်ကစားချိန်ကလည်း သိသိသာသာ လျှော့ချခြင်း ခံခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ညက အာဆင်နယ်ကို အနိုင်ဂိုး သွင်းယူခဲ့တဲ့ နေသန် အာကီက အားကောင်းတဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံနေရာအတွက် ပထမဦးစားပေး ရွေးချယ်မှုအဖြစ် အခိုင်အမာ သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လို ကစားနိုင်တဲ့ ညာနောက်ခံနေရာမှာလည်း ဆယ်ကျော်သက်ကြယ်ပွင့် ရီကို လူးဝစ္စက ပေါ်တူဂီနောက်ခံလူနဲ့ ကိုင်လီ ဝေါ်ကာတို့ နေရာမရလောက်အောင် ခြေစွမ်းပြသနေတာဖြစ်ပါတယ်။


ရလဒ်အနေနဲ့ ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ အင်္ဂါနေ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခွင့်ပြုခြင်းခံရတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ကန်ဆယ်လိုရဲ့ အငှားနဲ့ အပြောင်းအရွှေ့မှာ အပြီးသတ် ဝယ်ယူခွင့်လည်း ပါဝင်ဖို့ များနေပြီး မန်ချက်စတာစီးတီးအသင်းဟာ အစ်တီဟတ်မှာ စာချုပ်သက်တမ်း ၄ နှစ်အထိ ကျန်ရှိနေသေးတဲ့ ကစားသမားအတွက် အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ ပြင်ဆင်ထားလားဆိုတာတော့ မသိရသေးတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ၂၀၁၉ ခုနှစ်မှာ ကန်ဆယ်လိုက ဂျူဗင်တပ်အသင်းကနေ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘရာဇီးလ်နောက်ခံကစားသမား ဒါနီလိုက အလိုက်အဖြစ်နဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က