ဘရာဇီးလ်ကြယ်ပွင့်ဟာ စပိန်ကစားသမား ၂ ဦးကို အလွန်ဆိုးရွားတဲ့သူတွေလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက တနင်္ဂနွေနေ့မှာ မာယော်ကာအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ 

နာချိုရဲ့ ပထမပိုင်းအစောပိုင်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကြောင့် အိမ်ရှင်အသင်းက အနိုင် ၃ မှတ်အားလုံးကို ရရှိသွားခဲ့တာဖြစ်ပေမယ့်လည်း ဗင်နီးရှပ်စ် ဂျူနီယာဟာ အိမ်ရှင်နောက်ခံလူတွေရဲ့ အဓိကအာရုံစိုက်စရာဖြစ်ခဲ့ပြီး ပွဲစဉ်အတွင်း ၁၀ ကြိမ်အထိ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပါတယ်။ ပါဘလို မက်ဖီအိုနဲ့ အန်တိုနီယို ရေလိုတို့ဟာ ဘရာဇီးလ်တောင်ပံကစားသမားကို လှုပ်မရအောင် ထိန်းသိမ်းခဲ့တဲ့ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပြီး El Chiringuito ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ကြယ်ပွင့်ဟာ စပိန်ကစားသမား ၂ ဦးကို အလွန်ဆိုးရွားတဲ့သူတွေလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗင်နီးရှပ်စ်ရဲ့ ပြောကြားချက်ဟာ ကွင်းအတွင်းက ၎င်းတို့ရဲ့ အရည်အချင်းကို ရည်ညွှန်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က မာယော်ကာနောက်ခံလူတွေကို 'မင်းတို့ ငါ့လောက် ပိုက်ဆံ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး'လို့ ပြောကြားပြီး ဘောလုံးသမားဘဝကနေ အနားယူပြီးရင် နောက်ထပ်အလုပ်တစ်ခု ရှာဖွေရလိမ့်မယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဗင်နီးရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း ပင်နယ်တီရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း မာယော်ကာကြယ်ပွင့်ဟောင်း အဆန်စီယိုက လွဲချော်ခဲ့တာကြောင့် ချေပဂိုး ရရှိမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ ယခုရာသီ ပြိုင်ပွဲစုံ ၃၁ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပြီး ဘာနေဗျူးမှာ တစ်ပတ်လုပ်ခလစာ ယူရို ၂၇၀၀၀၀ ရရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။

Share

Loading Next Article...
က္က