ပရိသတ်အချို့က အများကြီး မျှော်လင့်ထားခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ်အနည်းဆုံးနဲ့ ရာသီကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြဟောင်း ရာ့လ်ဖ် ရန်းနစ်ခ်ကို အားကစား ဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ အကြံပေးခြင်း ခံခဲ့ရပါတယ်။

ရန်းနစ်ခ်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းက အိုလေဂန်နာ ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ရာ့လ်ဖ် ရန်းနစ်ခ်ဟာ ဂျာမန်ဘောလုံးလောကရဲ့ ခေါင်းကိုင်ဖခင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတာကြောင့် ပရိသတ်အချို့က အများကြီး မျှော်လင့်ထားခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ်အနည်းဆုံးနဲ့ ရာသီကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။


အဲဒီဆိုးရွားတဲ့ရာသီမှာ အသင်းရဲ့ နောက်ထပ် ပရီးမီးယားလိဂ်စံချိန်တွေကလည်း ကျိုးပျက်ခဲ့ရတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၁-၂၀၂၂ ရာသီကို မကြုံစဖူး ၅၇ ဂိုးအထိ ခွင့်ပြုခဲ့ရသလို အနိုင်ပွဲ အနည်းဆုံး(၁၆ ပွဲ)နဲ့ ရှုံးပွဲအများဆုံး(၁၂ ပွဲ)စံချိန်ကိုလည်း လိုက်မီခဲ့တာ ဖြစ်ပါတယ်။ ရန်းနစ်ခ်ဟာ ပြီးခဲ့တဲ့နှစ် မေလမှာ သြစတြီးယားလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ဘက်ကရော ဂျာမန်လူမျိုးနည်းပြဘက်ကပါ အစက သဘောတူထားတဲ့ အကြံပေးရာထူးကိုပါ ဆက်လက် မထမ်းဆောင်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း Liverpool Echo က ရန်းနစ်ခ်ဟာ လီဗာပူးလ်အတွက် ပြီးပြည့်စုံတဲ့ ခန့်အပ်မှု ဖြစ်လာနိုင်တယ်လို့ ဖော်ပြခဲ့ပြီး မာဆေးဆိုဒ်အသင်းဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် အားကစားဒါရိုက်တာ ဂျူလီယန် ဝ့ါဒ်ရဲ့နေရာမှာ အစားထိုးခန့်အပ်မှုမရှိဘဲ လာမယ့်ရာသီကို ဖြတ်သန်းသွားရတော့မှာဖြစ်ပါတယ်။ Liverpool Echo က ရန်းနစ်ခ်ဟာ အလွန်ထူးခြားကောင်းမွန်တဲ့ အားကစားဒါရိုက်တာအဖြစ် သက်သေပြသထားပြီးဖြစ်တယ်လို့ ငြင်းခုံခဲ့ပြီး လိုက်ပ်ဇစ်နဲ့ ဆာ့လ်ဇ်ဘတ်နှစ်သင်းစလုံး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဥရောပဘောလုံးလောကမှာ နာမည်တစ်လုံးရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ အဲဒီ ၂ သင်းစလုံးမှာ လူမသိသူမသိကစားသမားတွေကို ခေါ်ယူစုဆောင်းပြီး လူငယ်အကယ်ဒမီကို ကမ္ဘာတလွှားက ကင်းထောက်စခန်းတွေနဲ့ ချိတ်ဆက်ပြီး တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်းနစ်ခ်ဟာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ လေးစားနှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ၎င်းရဲ့ 'Gegenpressing'ကစားဟန်ကို ဒေါ့မွန်နည်းပြဟောင်းက အတုယူခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က