ဂန်းနားတွေရဲ့ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေတဲ့ ကစားသမား ဖြစ်ပါတယ်။

မာတင် အော်ဒီဂွါဒ်ဟာ နည်းပြ အာတီတာလက်အောက်မှာ အာဆင်နယ် အောင်မြင်မှုရရှိနိုင်တာက အကန့်အသတ်မရှိဘူးလို့ ပြောကြားခဲ့ပြီး အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ထူးဆန်းတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကို ရှင်းပြခဲ့ပါတယ်။

အော်ဒီဂွါဒ်ဟာ လက်ရှိအချိန်အထိ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေခဲ့တဲ့ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ ဂန်းနားတွေရဲ့ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေတဲ့ ကစားသမား ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုရာသီ လိဂ်ပွဲစဉ် ၂၀ ထဲက ၁၆ ပွဲအထိ နိုင်ပွဲရရှိထားခဲ့တာကြောင့် နည်းပြ အာတီတာဟာ ချီးကျူးမှုတွေနဲ့ ထိုက်တန်ပြီး စပိန်လူမျိုးနည်းပြဟာ အမ်းမရိတ်စ်က နည်းပြဘဝအစောပိုင်းမှာ ခက်ခဲကြမ်းတမ်းတဲ့စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အသင်းက ပေးခဲ့တဲ့ ယုံကြည်မှုအတွက် ပြန်လည်ပေးဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။

"သူ ခင်ဗျားကို စကားပြောတဲ့အချိန်မှာ သူ ဘာတွေပဲပြောပြော ဖြစ်လာလိမ့်မယ်ဆိုတာ ခင်ဗျား နားလည်တယ်။ သူက နောက်အဆင့်တစ်ခုမှာရှိတဲ့သူပါ။ သူက စိတ်ဆန္ဒပြင်းပြတယ်။ သူက စိတ်ကြီးပြီး တစ်ခါတလေ ဟုတ်ပါတယ်။ သူက နည်းနည်းရူးသွပ်တယ်။ ကျွန်တော်တို့ အောင်မြင်မှု ရရှိနိုင်တာက ကန့်သတ်ချက်မရှိဘူးဆိုတာ ခင်ဗျားကို အာမခံနိုင်တယ်။ အဲဒီလိုမဟုတ်ဘူးလို့ ဘယ်သူမှ ကျွန်တော့်ကို မပြောနိုင်ဘူး"


အော်ဒီဂွါဒ်က အာတီတာရဲ့ စီမံကိန်းကို ရှင်းလင်းပြတ်သားစွာ ရှင်းလင်းခဲ့ပြီး ဆာကာ၊ မာတီနယ်လီတို့လို အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေနဲ့ အတူတူ ကစားနိုင်မယ့် အခွင့်အရေးက ၎င်းကို ၂၀၂၁ ခုနှစ်မှာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်အောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း EA Sports ဖီဖာဗီဒီယိုဂိမ်းကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချရာမှာလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အာဆင်နယ်နဲ့ ဒီလိုမျိုး ထူးဆန်းတဲ့ဆက်နွယ်မှုက အမြဲတမ်းရှိခဲ့တယ်။ ကျွန်တော် ဘယ်တုန်းကမှ ဗီဒီယိုဂိမ်းကို သည်းသည်းမည်းမည်း မကစားခဲ့ဘူး။ ကျွန်တော်က အမြဲတမ်း အိမ်ပြင်မှာ ထွက်ကစားတဲ့ မျိုးဆက်ကပါ။ ဒါပေမယ့် ချွင်းချက်တစ်ခုရှိတာက ဖီဖာဂိမ်းပါ။ ကျွန်တော် အများအားဖြင့် Career Mode ကို ကစားခဲ့တယ်။ ခင်ဗျား သိလား။ ခင်ဗျား နည်းပြတစ်ယောက် ဘယ်နေရာမှာ ဖြစ်လာနိုင်လဲဆိုတာကို။ ကျွန်တော် အမြဲတမ်း ကိုင်တွယ်ဖို့ ရွေးခဲ့တဲ့အသင်းက အာဆင်နယ်ပါ။ သူတို့က ကျွန်တော့်ရဲ့ ဖီဖာအသင်းဖြစ်ခဲ့ပါတယ်"



"နော်ဝေမှာ ကြီးပြင်းခဲ့တာကြောင့် ကျွန်တော် ပရီးမီးယားလိဂ်ပွဲအများကြီးကြည့်ခဲ့ရပြီး အာဆင်နယ်နဲ့ပတ်သက်ပြီး ဒီလို ကောင်းမွန်တဲ့ခံစားချက်တွေ ရှိခဲ့တယ်။ ကျွန်တော် သီယာရီ အွန်နရီနဲ့ မရှုံးနိမ့်နိုင်သောအသင်းရဲ့ ဗီဒီယိုတွေကို ကြည့်ခဲ့ရတယ်။ အသင်းက ဖာဘရီဂတ်စ်၊ နာဆရီ၊ အိုဇေးလ်တို့လိုမျိုး တကယ်ကို ပါးနပ်တဲ့၊ နည်းစနစ်ပိုင်းကောင်းတဲ့၊ ဘောလုံးနဲ့ဆိုကောင်းမွန်ပြီး ခက်ခဲတဲ့ပေးပို့မှုတွေ ပြုလုပ်နိုင်တဲ့ ကွင်းလယ်ဖန်တီးရှင်တွေကို မွေးထုတ်ပေးခဲ့တဲ့ သမိုင်းကြောင်းရှိတာကို သိခဲ့တယ်။ ကျွန်တော်နှစ်သက်တဲ့ ကစားသမားတွေပါ။ ၂၀၁၅ ဝန်းကျင်ထုတ်ခဲ့တဲ့ ဗီဒီယိုဂိမ်းထဲမှာ ကျွန်တော် ဖီဖာထဲမှာ အမှန်တကယ်စပါခဲ့တယ်"


"အစပိုင်းမှာ ကျွန်တော်နဲ့ တော်တော်လေးကို မတူခဲ့ပါဘူး။ ကျွန်တော်စုစုပေါင်း ၆၇ မှတ်ပဲ ရခဲ့တယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော် ဂိမ်းထဲမှာ တကယ်ပါဝင်နိုင်ခဲ့ပြီး အဲဒါက တော်တော်လေး ကြီးကျယ်ခဲ့ပါတယ်။ အဲဒီတော့ ထုံးစံအတိုင်းပဲ ကျွန်တော် ပထမဆုံးလုပ်ခဲ့တဲ့အရာတွေထဲက တစ်ခုက Career Mode မှာ အာစင်ဝင်းဂါး ဟန်ဆောင်ပြီး ကိုယ့်ဘာသာကိုယ် ပြန်ဝယ်ခဲ့တာပဲ။ ထူးဆန်းတဲ့ဆက်နွယ်မှုက ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်က ဒီကို ပြောင်းလာချိန်မှာ လက်တွေ့ဖြစ်လာခဲ့တယ်။ အဲဒါက ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ ကျွန်တော် နေ့တိုင်း လေ့ကျင့်ရေးကို ပြုံးပြုံးရွှင်ရွှင်နဲ့ လာခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က