အက်စတန် ဗီလာနောက်ခံကစားသမား မတ်တီ ကက်ရှ်က ၎င်းဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေထက် ပိုမိုလျင်မြန်တဲ့ကစားသမားလို့ ဟာသဖောက်ခဲ့ပါတယ်။

ပိုလန်လက်ရွေးစင်ညာနောက်ခံကစားသမားက ပြင်သစ်တိုက်စစ်မှူးနဲ့ ရင်ဆိုင်ရမှာ ဘယ်လို ခုခံကာကွယ်ရမလဲဆိုတာကို ရှင်းပြခဲ့တာဖြစ်ပြီး ကက်ရှ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အမ်ဘာပေနဲ့ ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ပိုလန်အသင်းက ပြင်သစ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေက တစ်ဦးတည်း ၂ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မတ်တီ ကက်ရှ်က ၎င်းရဲ့အသင်းဟာ အမ်ဘာပေရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ရလဲဆိုတာကို LadBible ကို ပြောကြားခဲ့ပြီး အပြေးမြန်တဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ၎င်းလောက်တော့ မမြန်ဘူးလို့ ဟာသဖောက်ခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ တစ်ဦးချင်း ပြိုင်ပွဲတွေလည်း ရှိခဲ့ပါတယ်။ သူက ကျွန်တော့်ထက် ပိုမြန်တဲ့သူမဟုတ်ပါဘူး။ တကယ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော် နောက်နေတာပါ။ သူက လျှပ်ပြက်သလို လျင်မြန်ပါတယ်"

"သူက ဂိုးရဖို့အတွက် စူးရှတဲ့မျက်လုံးတွေနဲ့အတူ ထူးခြားတဲ့ဘောလုံးသမားဆိုတာ သိသာပါတယ်။ အရည်အချင်းတွေလည်း အများကြီးရှိတယ်။ ဟုတ်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ရှုထောင့်ကနေ တစ်ခုပြောပါဆိုရင် မြန်နှုန်းပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က