ဆားဗေ့ချ်က ကိန်းနဲ့ ဒီယုံးဟာ မန်ယူနိုက်တက်ကို ချန်ပီယံတွေအဖြစ် ပြောင်းလဲပေးနိုင်မယ့် ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ရော်ဘီ ဆားဗေ့ချ်က မန်ချက်စတာယူနိုက်တက်အသင်းသာ ယခုနွေရာသီမှာ ဟာရီ ကိန်းနဲ့ ဖရန်ကီ ဒီယုံးတို့ကို ခေါ်ယူနိုင်မယ်ဆိုရင် လာမယ့်ရာသီပရီးမီးယားလိဂ်ဖလားအတွက် ရေပန်းအစားဆုံးဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ နည်းပြ အဲရစ် တန်ဟက်လက်အောက်မှာ သိသိသာသာ တိုးတက်မှုတွေ ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ အာဆင်နယ်တို့နဲ့ ၅ မှတ်အကွာမှာ ထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ တိုက်စစ်မှူးသစ် ခေါ်ယူဖို့က ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် အဓိက ဦးစားပေးဖြစ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီ ကိန်းနဲ့အတူ နာပိုလီတိုက်စစ်မှူး အိုဆီမန်၊ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်တို့က ရွေးချယ်စရာတွေအဖြစ် ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအချိန်တော်တော်များများကို ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီ ဒီယုံးကို ခေါ်ယူဖို့နဲ့ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီး တန်ဟက်က အိုင်းယက်စ်က တပည့်ဟောင်းနဲ့ ပြန်လည်ဆုံစည်းဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ အသင်းလက်လွှဲ ရောင်းချဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး သောကြာနေ့ည ၁၀ နာရီမှာ ကနဦး ကမ်းလှမ်းမှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ်တွေဟာ နွေရာသီမှာ ရည်မှန်းချက်ကြီးမားစွာနဲ့ ငွေကြေးအလုံးအရင်းနဲ့ ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိလာတာကြောင့် ဆားဗေ့ချ်က ကိန်းနဲ့ ဒီယုံးဟာ မန်ယူနိုက်တက်ကို ချန်ပီယံတွေအဖြစ် ပြောင်းလဲပေးနိုင်မယ့် ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ "ဒီမန်ချက်စတာယူနိုက်တက်လူစာရင်းထဲကို ဟာရီ ကိန်းနဲ့ ဖရန်ကီ ဒီ ယုံးကို ထည့်လိုက်။ တန်ဟက်က လာမယ့်နှစ် ဆုဖလားအတွက် ထိပ်ဆုံးက ပြေးနိုင်အောင် ဦးဆောင်ပေးနိုင်လိမ့်မယ်။ အိုးထရက်ဖို့ဒ်မှာ လက်လွှဲရောင်းချမှုဖြစ်ပျက်ခဲ့ပြီး ရက်ရောတဲ့ ဘတ်ဂျက်သုံးစွဲမှု ရှိလာတဲ့အခါကျရင် သူတို့တွေ နွေရာသီမှာ အဓိကကစားသမား ၂ ဦးကို ခေါ်ယူနိုင်ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်သရဖူအတွက် စိန်ခေါ်နိုင်တော့မှာပါ"

"ကျွန်တော်ကတော့ ဟာရီ ကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှာပါ။ ပြီးရင် ဘာစီလိုနာက ဒီ ယုံးကို ခေါ်မယ်။ ဒီ ယုံးနဲ့ ကာစီမီရိုက ကွင်းလယ်မှာ ဘောလုံးထိန်းသိမ်းထားပြီး ကိန်းက တိုက်စစ်မှာ သူလုပ်နိုင်တဲ့ အကောင်းဆုံးအရာတွေကို လုပ်နေမယ်။ ကျွန်တော့်အတွက်တော့ အဲဒါတွေက ဆုဖလားအနိုင်ရရှိမယ့်အသင်းမှာ ပျောက်ဆုံးနေတဲ့အပိုင်းအစတွေပဲ။ အဲဒီတော့ ၂၀၂၄ ခုနှစ် မေလကို ရက်သတ်မှတ်မယ်။ ဘာလို့လဲဆိုတော့ အလွှဲအပြောင်းတွေ ဖြစ်ပျက်ခဲ့ရင် သူတို့တွေ ကိန်းနဲ့ ဒီ ယုံးတို့ကို ခေါ်ပြီး ဆယ်စုနှစ် တစ်ခုအကြာမှာ ဆုဖလားက အိုးထရက်ဖို့ဒ်ကို ပြန်ရောက်လာနိုင်လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က