စနေနေ့ ဗီလာပါ့ခ်က ပွဲစဉ်အတွက် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ဟောလိဝုဒ်ဂန္တဝင်မင်းသားကြီး တွမ် ဟန့်ခ်စ်က အိုလီ ဝက်ကင်စ်က အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတန် ဗီလာအတွက် အစောပိုင်း ဦးဆောင်ဂိုးကို အံ့အားသင့်ဖွယ်သွင်းယူပေးသွားခဲ့ပြီးနောက် စိတ်လှုပ်ရှားမှုနဲ့အတူ အလွန်အမင်း အံ့အားသင့်ခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တွမ် ဟန့်ခ်စ်ဟာ လန်ဒန်မှာ ၎င်းရဲ့ရုပ်ရှင် Charlie Wilson's War အထူးပွဲကို တက်ရောက်ခဲ့ချိန် ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ အက်စတန် ဗီလာပရိသတ်ဖြစ်တယ်လို့ ပထဆုံး ဝန်ခံ ပြောဆိုခဲ့သူဖြစ်ပြီး စနေနေ့ ဗီလာပါ့ခ်က ပွဲစဉ်အတွက် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ တွမ် ဟန့်ခ်စ်ဟာ ပုံမှန်ခြေစွမ်းရရှိနေတဲ့ အိုလီ ဝက်ကင်စ်က အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ဘယ်တောင်ပံခြမ်းကနေ အံ့အားသင့်ဖွယ် ကန်ချက်နဲ့အတူ အလဲထိုးသွားခဲ့ချိန်မှာ ထိုင်ခုံမှာ ထိုင်ရုံလေးပဲ ရှိသေးတာဖြစ်ပါတယ်။

အက်စတန် ဗီလာအသင်း ဦးဆောင်ဂိုး ရရှိခဲ့တဲ့အချိန်မှာ BT Sport ကင်မရာတွေက တွမ် ဟန့်ခ်စ်ဘက်ကို လှည့်ရိုက်ပြခဲ့ပြီး ဟောလိဝုဒ် ဂန္တဝင်မင်းသားကြီးဟာ ၅ မိနစ်အကြာမှာပဲ ဦးဆောင်ဂိုး ရရှိခဲ့တဲ့ အမ်မရီရဲ့အသင်းကြောင့် ကိုယ့်မျက်စိကိုယ် မယုံနိုင် ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။



ဗီလာပါ့ခ်က အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားနေတဲ့ ပွဲစဉ်ဟာ အက်စတန် ဗီလာရဲ့ပွဲစဉ်ကို တွမ် ဟန့်ခ်စ် တက်ရောက်ကြည့်ရှုတဲ့ ဒုတိယမြောက် ပွဲစဉ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက ပို့တ်လန်း တင်းဘားစ်နဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲကို တက်ရောက်ကြည့်ရှုခဲ့ဖူးတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က