လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေနဲ့ နှိုင်းယှဉ်ရင် ခက်ခဲကြမ်းတမ်းတဲ့ ရာသီကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက အနာဂတ်ဟာ ဂျာမန်လူမျိုးနည်းပြ ရာထူးကနေ နုတ်ထွက်ဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြင်းထန်တဲ့ခြိမ်းခြောက်မှုအောက်မှာရှိနေတယ်လို့ သတင်းသစ်တွေက ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အနည်းငယ်ပြန်လည်အသက်ဝင်လာခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေနဲ့ နှိုင်းယှဉ်ရင် ခက်ခဲကြမ်းတမ်းတဲ့ ရာသီကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ မာဆေးဆိုဒ်ကလပ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၄ နေရာနဲ့ ၇ မှတ်ကွာဟနေသလို ပြည်တွင်းဖလားပြိုင်ပွဲ ၂ ပွဲစလုံးကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကလော့ပ်ရဲ့ ချန်ပီယံလိဂ်ရည်မှန်းချက်ကည်း အင်္ဂါနေ့က အန်းဖီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ၅-၂ နဲ့ ၁၆ သင်းရှုံးထွက်ပထမအကျော့မှာပဲ ရှုံးနိမ့်ခဲ့တာကြောင့် အဆုံးသတ်လုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။ အဖွင့်ပွဲကစားချိန်တွေမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းဟာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းမပြီးခင် ဗင်နီးရှပ်စ်ရဲ့ ချေပဂိုး ၂ ဂိုးကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးတဲ့နောက်မှာ ဒုတိယပိုင်းမှာ နောက်ထပ် ၃ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ အကြီးမားဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Caught Offside ရဲ့ ဖော်ပြချက်အရ ကလော့ပ်ဟာ အင်္ဂါနေ့မှာ ပြင်းထန်တဲ့ ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် လီဗာပူးလ်မှာ ပြင်းထန်တဲ့ ဖိအားတွေအောက်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပြီး သတင်းရင်းမြစ်တစ်ဦးက အသင်းတာဝန်ရှိသူတွေဟာ ချန်ပီယံလိဂ် ပထမအကျော့ရှုံးပွဲမတိုင်ခင် နည်းပြရဲ့ အနေအထားနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ဘိုင်ယန်မြူးနစ်နည်းပြ ဂျူလီယန် နာဂယ်စ်မန်းကို ကလော့ပ်ရဲ့နေရာမှာ အစားထိုးခန့်အပ်နိုင်ခြေရှိတဲ့နည်းပြအဖြစ် သတ်မှတ်ခဲ့တယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပြီး ဂျာမန်လူမျိုးနည်းပြရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ အပြီးသတ်ရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က