မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေးကို စိတ်လှုပ်ရှားခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်ဘက်တစ်ကြယ်ပွင့် အန်ဒရက်စ် ဂွါဒါဒိုက ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ မဲခွဲရာမှာ တွေ့ဆုံခဲ့ပြီးနောက် အသင်းသားတွေရဲ့ တုံ့ပြန်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ တနင်္ဂနွေနေ့က လီဗာပူးလ်ကို ၇-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်ဘက်တစ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ မန်ချက်စယူနိုက်တက်ဟာ ၁၁ ပွဲ ရှုံးပွဲမရှိ စံချိန်ရရှိနေခဲ့တာဖြစ်ပြီး ကာရာဘောင်းဖလား ရရှိခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းအမြင့်မားဆုံးဖြစ်နေချိန်မှာ လီဗာပူးလ်အသင်းရဲ့ ရက်ရက်စက်စက် နှိမ်နင်းခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။


ယာဂန် ကလော့ပ်ရဲ့အသင်းဟာ အန်းဖီးမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၁၉၃၁ ခုနှစ် ဘောက်ဆင်ဒေးနောက်ပိုင်းကတည်းက အကြီးမားဆုံးရှုံးပွဲနဲ့ ကြုံစေခဲ့တာဖြစ်ပြီး တန်ဟက်က ပွဲအပြီးမှာ ၎င်းရဲ့အသင်းဟာ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့နဲ့ စည်းလုံးမှုမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ လာလီဂါအမှတ်ပေးဇယားအဆင့် ၅ နေရာက ရီးရဲလ်ဘက်တစ်နဲ့ ကစားရမယ့်ပွဲစဉ်အပေါ် အာရုံစိုက်နေတာဖြစ်ပြီး Marca ကို စကားပြောဆိုရာမှာ ဂွါဒါဒိုက လက်ရှိ လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ဂိုးမရှိသရေရလဒ်ရအောင် ကစားနိုင်ခဲ့တဲ့ ဘက်တစ်ဟာ အခက်ခဲဆုံး မဲခွဲရလဒ်ဖြစ်ခဲ့ပေမယ်လည်း မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေးကို စိတ်လှုပ်ရှားခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

"သူတို့တွေက အသင်းကြီးတွေဖြစ်ပြီး ခင်ဗျား သူတို့နဲ့ ရင်ဆိုင်ကစားတဲ့အခါမှာ အရမ်းနည်းပါးတဲ့ အမှားပဲ လုပ်လို့ရပါမယ်။ ပြီးပြည့်စုံတဲ့အရာက တိုက်စစ်မှာ အရမ်းအောင်မြင်မှု ရဖို့ဖြစ်ပြီး အဲဒါက ခင်ဗျား ဖန်တီးနိုင်တဲ့အခွင့်ရေးတွေထဲက အများဆုံး အသုံးချနိုင်ဖို့ပါ။ ဒါပေမယ့် အသင်းသားတွေက ပွဲစဉ်ဇယားထွက်လာတဲ့အချိန်မှာ 'ဟင် မန်ချက်စတာယူနိုက်တက်'ပဲဆိုပြီး ဖြစ်မသွားခဲ့ဘူး။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အခက်ခဲဆုံး မဲခွဲရလဒ်တစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးက ဒါဟာ ကျွန်တော်တို့ကို အများကြီး စိတ်လှုပ်ရှားစေခဲ့တဲ့ စိန်ခေါ်မှုလို့ ခံစားခဲ့ရတယ်။ ကျွန်တော်တို့ အဲဒီပွဲကို တကယ်ကစားချင်တယ်"


"အဆုံးမှာ အနှေးနဲ့ အမြန် ခင်ဗျား ယူရိုပါလိဂ်က မြင့်မားတဲ့အဆင့်အတန်းမှာ ဒီလို ပြိုင်ဘက်တွေကို တွေ့မှာပဲ။ ကျွန်တော်တို့ အဲဒီပွဲကို အနိုင်ရချင်ရင် ခင်ဗျား သူတို့နဲ့ ရင်ဆိုင်ကစားပြီး ဖြစ်လာသမျှကို ရင်ဆိုင်ရမှာပါ။ အဲဒါက အရမ်းကောင်းတဲ့စိန်ခေါ်မှုပါ။ အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်တော်တို့ အဲဒီအတွက် အဆင်သင့်ဖြစ်နေမယ်ဆိုတာ သံသယမရှိပါဘူး။ကျွန်တော်တို့ ဆက်ပြီးတော့ ရှေ့ဆက်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က