အာဂျင်တီးနားကြယ်ပွင့်ကို ပီအက်စ်ဂျီပရိသတ်တွေရဲ့ ဆက်ဆံပုံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဆာဂျီ ရော်ဘတ်တိုက ပီအက်စ်ဂျီအသင်းပရိသတ်တွေရဲ့ လီယွန်နယ် မက်ဆီကို ဆက်ဆံနေတဲ့ပုံစံကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက လီယွန်နယ် မက်ဆီဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ပီအက်စ်ဂျီအသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အလားတူ ထပ်မံ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရင်းနေးကို လီဂူးဝမ်းပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ရာမှာ အီကမ်ဘီ၊ ကာလီမွန်ဒိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပွဲမတိုင်ခင်ကတည်းက အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ အိမ်ကွင်းပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

 

လီယွန်နယ် မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဆာဂျီ ရော်ဘတ်တိုက အာဂျင်တီးနားကြယ်ပွင့်ကို ပီအက်စ်ဂျီပရိသတ်တွေရဲ့ ဆက်ဆံပုံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

 

“ခင်ဗျား ဘာကြောင့်လဲဆိုတာ နားလည်နိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက ပဲရစ်မှာ ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေလို့ပါ။ ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အများ​ကြီး ပြုလုပ်ထားတယ်။ သူတို့တွေက ချန်ပီယံလိဂ်ကနေ ထွက်ရလို့ သူ့ကို လှောင်ပြောင်ခဲ့ကြတယ်။ ဒါပေမယ့် သူက ထူးခြားဆန်းကြယ်တဲ့ကစားသမားဖြစ်ပြီး ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ကစားသမားက ဒီလိုပုံစံမျိုး ဆက်ဆံခံရတာ အရမ်းဆိုးပါတယ်။ သူသာ ပြန်လာရင် ကျွန်တော်တို့ သူ့ကို အရမ်းကောင်းကောင်း ဆက်ဆံသွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က