အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအစကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ် ပြီးဆုံးခါနီးမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအစကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ဝင်ဘလေမှာ ယူကရိန်းနဲ့ မကစားခင် ကြာသပတေးနေ့မှာ အီတလီနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်ကလည်းအင်္ဂလန်လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပြီး ချဲလ်ဆီးကြယ်ပွင့်ဟာ ဆီးခုံရိုးမှာ နာကျင်မှုရှိနေတယ်လို့ နည်းပြပေါ့တားက အဲဗာတန်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က