ချန်ပီယံဆုတံဆိပ်ကို ရရှိဖို့အတွက် အနည်းဆုံး ၅ ပွဲ ပါဝင်ကစားပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ရိစ် နယ်လ်ဆင်ဟာ ယခုရာသီမှာ အာဆင်နယ်ရဲ့ အရေးအပါဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပေမယ့်လည်း ဂန်းနားတွေ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ရင်တောင်မှ ချန်ပီယံဆုတံဆိပ်ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် အနီးစပ်ဆုံးအနေအထားမှာရှိနေတာဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးကို ၁ ပွဲပိုကစားပြီး ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ ပုံမှန်ပွဲထွက်ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ရိစ် နယ်လ်ဆင်ဟာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂန်းနားတွေရဲ့ ဆုဖလားအတွက် အဆုံးအဖြတ်အခိုက်အတန့်ကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့ပြီး နာကျင်အချိန် ၉၇ မိနစ်မှာ အံ့အားသင့်ဖွယ် ကန်ချက်နဲ့အတူ အာဆင်နယ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ဂန်းနားတွေအတွက် သူရဲကောင်းဆန်တဲ့ ခြေစွမ်းမျိုး ပြသခဲ့ပေမယ့်လည်း နယ်လ်ဆင်ဟာ ရာသီကုန်မှာ ဘာဆုတံဆိပ်မှ မရဘဲ လက်ဗလာသာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သိရပြီး ၂၀၂၂-၂၀၂၃ ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ တင်းကြပ်တဲ့စည်းမျဉ်းတွေကြောင့် ကစားသမားတွေဟာ ချန်ပီယံဆုတံဆိပ်ကို ရရှိဖို့အတွက် အနည်းဆုံး ၅ ပွဲ ပါဝင်ကစားပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။

 

ရိစ် နယ်လ်ဆင်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၅ ပွဲသာ ပါဝင်ကစားပေးထားရသေးတာဖြစ်ပြီး ချန်ပီယံ ဆုတံဆိပ်ရရှိမယ့်ကစားသမားဖြစ်လာဖို့ နောက်ထပ်တစ်ပွဲ ပါဝင်ကစားပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့ ၁၀ ပွဲအထိ လိုနေသေးတာကြောင့် အာတီတာအနေနဲ့ ရိစ် နယ်လ်ဆင်ကို ပွဲထွက်ခွင့်မပေးရင်တောင် လူစားဝင်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုသွားဦးမှာ သေချာပါတယ်။

Share

Loading Next Article...
က္က