မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ၎င်းရဲ့ နည်းပြဘဝသက်တမ်းတလျှောက် ဘယ်တုန်းကမှ အထုတ်မခံခဲ့ရတာ ဘာကြောင့်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပါတယ်။
ဂွါဒီယိုလာဟာ စနေနေ့မှာ ဆောက်သမ်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးမြန်းသမျှတွေကို ဖြေကြားပေးခဲ့တာဖြစ်ပြီး ဘာကြောင့် နည်းပြအဖြစ်ကနေ တစ်ခါမှ ထုတ်ပယ်မခံခဲ့ရတာလဲဆိုတာကို မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
“ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ရခဲ့တယ်။ ကျွန်တော်တို့သာ အနိုင်မရရင် ကျွန်တော် အထုတ်ခံရမှာပါ။ ကျွန်တော့် ဆံပင်ကေက ကျန်တဲ့လူတွေထက် ပိုကောင်းနေလို့မဟုတ်ပါဘူး။ ကျွန်တော် အထုတ်မခံရတာ ပွဲတွေအများကြီး အနိုင်ရရှိခဲ့လို့ပါ”လို့ ဟာသဖောက်ပြီး တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာက အညှာအတာမဲ့စွာ ထုတ်ပယ်မှုတွေရဲ့ နောက်ကွယ်မှာ အသင်းတွေကို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာက အဓိကအချက်ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
“ဒီနိုင်ငံမှာ ကျွန်တော် ငယ်ငယ်တုန်းက နည်းပြတွေကို ထိန်းသိမ်းထားတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ဒီနေ့ဖြစ်နေတာတွေက ရင်းနှီးမြှုပ်နှံမှုအများအပြားနဲ့အတူ အားလုံးအတွက် ဖိအားတွေအများကြီးရှိနေတယ်။ တစ်ခါတလေမှာ အဲဒါက အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ မဖြစ်ဘူး။ ခင်ဗျား အဲဒါကို အသားကျအောင် လုပ်ရမှာပဲ မတတ်နိုင်ဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။