လီဗာပူးလ်ကို ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ကွင်းတွင်းက ၎င်းရဲ့ အပြုအမူဟာ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က တစ်ခါတရံမှာ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ကွင်းထဲက အပြုအမူတွေက စည်းကျော်သွားခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေက ၎င်းရဲ့ အပြုအမူကို ဝေဖန်ပြီး အာရုံစိုက်မှု ရရှိအောင် လုပ်နေတာလို့ စွပ်စွဲခဲ့ပါတယ်။

 

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီမှာ ဟာရီ မက်ဂွိုင်းယားက ပွဲထွက်လူစာရင်းမှာ နေရာမရခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ပုံမှန် ကစားပေးခဲ့ရတာဖြစ်ပြီး လီဗာပူးလ်ကို ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ကွင်းတွင်းက ၎င်းရဲ့ အပြုအမူဟာ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

 

ဖာနန်ဒက်စ်ဟာ ဒုတိယပိုင်းမှာ ဖရိုဖရဲဖြစ်နေခဲ့တဲ့ ၎င်းရဲ့အသင်းဖော်တွေကို ကွင်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ လက်တွေကို ဝှေ့ရမ်းပြီး ပြစ်တင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ရွိုင် ကီးန်နဲ့ ဂယ်ရီ နဗီးတို့က ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ရဲ့ အပြုအမူဟာ ကျက်သရေကင်းမဲ့မှုလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 

ဂယ်ရီ နဗီးကဆိုရင် ဘရူနို ဖာနန်ဒက်စ်ဟာ ၎င်းရဲ့အသင်းက ၅ ဂိုးနဲ့ နောက်ကနေ လိုက်ကစားနေရချိန်မှာ လူစားလဲပေးဖို့တောင် တောင်းဆိုခဲ့တယ်လို့တောင် ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော် ဖြစ်ခဲ့တာတွေရဲ့နောက်ကွယ်ကဟာတွေကို နားလည်ပေမယ့် ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး။ ကျွန်တော်တို့အားလုံးလည်း သိကြတဲ့အတိုင်းပဲ ဘောလုံးဝေဖန်သူတွေက သူတို့အလုပ် တည်မြဲနေအောင် တစ်ခုခုတော့ ပြောနေရမှာပါ။ တစ်ခါတလေ သူတို့တွေ ပိုဆိုးတာတွေ ပြောနိုင်လေလေ အလုပ်ပိုရလေပါပဲ။ ကျွန်တော်တို့အားလုံး အဲဒါကို လက်မခံချင်လည်း လက်ခံရမှာပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကျွန်တော့်အသင်းဖော်တွေက အဆင်ပြေနေဖို့ အရေးကြီးပါတယ်။ သူတို့တွေ အဆင်မပြေတဲ့အချိန်ကျရင် ကျွန်တော့်ကို လာပြောစေချင်တယ်။ အဲဒီကျမှ ကျွန်တော်လည်း ကိုယ့်ဘာသာ စိတ်လျှော့နိုင်မှာပါ။ ပွဲအပြီးမှာ ပြောဆိုခဲ့တဲ့အရာအများစုက လုံးဝ အလိမ်အညာတွေပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်လက်တွေကို ဝှေ့ရမ်းခဲ့တယ်။ သူတို့တွေက ကျွန်တော် မပြောခဲ့တဲ့အရာကို ပြောခဲ့တယ်လို့ ယူဆခဲ့ကြလို့ပါ။ ဘောလုံးဝေဖန်သူတွေက အာရုံစိုက်မှုရအောင် တစ်ခုခုကို အမြဲတမ်း ပြောချင်နေပြီး အပြင်ဘက်က လူတွေဆီကနေ ချီးကျူးမှုတွေ လိုချင်တယ်။ တစ်ခါတလေ သူတို့တွေ ပြောစရာမရှိ ပြောစရာရှာပြောကြပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က