ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို မိခင်ဖြစ်သူရဲ့ နာမည်နဲ့ ထားထားတာဖြစ်ပါတယ်။

မော်ဒယ်နဲ့ သရုပ်ဆောင် ဟီဘာ အဘောက်ခ်က ပီအက်စ်ဂျီကြယ်ပွင့် ဟာကီမီနဲ့ ကွာရှင်းပြတ်စဲမှုကို တုံ့ပြန်ခဲ့ပြီး အဘောက်ခ်ဟာ မကြာသေးမီက မော်ရိုကို နောက်ခံလူနဲ့ ကွာရှင်းပြီး ပိုင်ဆိုင်မှု တစ်ဝက်စီ ခွဲယူဖို့ တရားရုံးကို ဦးတိုက်လျှောက်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း အဘောက်ခ်ဟာ ဟာကီမီရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ ၎င်းရဲ့ နာမည်နဲ့ တစ်ခုမှ မရှိဘူးဆိုတာကို အံ့အားသင့်ဖွယ် သိခဲ့ရပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို မိခင်ဖြစ်သူရဲ့ နာမည်နဲ့ ထားထားတာဖြစ်ပါတယ်။

 

ဒါကြောင့် အဘောက်ခ်ဟာ ပီအက်စ်ဂျီအသင်းကနေ တစ်ပတ်လုပ်ခလစာ ယူရို ၃ သိန်းအထိ ရရှိနေတဲ့ ဟာကီမီဆီက ဘာပိုင်ဆိုင်မှုမှာ ရရှိမှာမဟုတ်ဘဲ ကွာရှင်းပြတ်စဲမှုသာ ရရှိမှာ ဖြစ်ပြီး အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

“မှတ်ထားပါ။ ဘဝမှာ အရာအားလုံးကို သင် ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် အဲဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ ပြီးပြည့်စုံမှုအတွက် လိုအပ်မှုတွေကို စွန့်လွှတ်လိုက်ပါ။ လက်ရှိအခိုက်အတန့်ရဲ့ အလှတရားကို ပွေ့ဖက်ပါ။ စကြာဝဠာက သင့်ရဲ့နောက်မှာ ရှိနေတယ်လို့ ယုံကြည်မှုရှိပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

 

အဘောက်ခ်ဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ ကျော်ကြားပြီးသားသူဖြစ်တာကြောင့် ဟာကီမီရဲ့ ပိုင်ဆိုင်မှု တဝက်ကို တောင်းဆိုမှုက သူမအနေနဲ့ အမှန်တကယ် ဘဏ္ဍာရေးအထောက်အပံ့လိုအပ်နေခြင်းရှိ၊ မရှိ အငြင်းအပွားစရာ ဖြစ်လာခဲ့တာဖြစပါတယ်။

Share

Loading Next Article...
က္က