ဂျေးဇုက ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အတွက် အဆုံးအဖြတ်ပေးနိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။

ရောဘတ် ပီးရက်စ်က ဂါဘရီယဲလ် ဂျေးဇုက ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အတွက် အဆုံးအဖြတ်ပေးနိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။

 

ဂန်းနားတွေဟာ နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲစဉ်တွေမှာ ၂-၀ နဲ့ ဦးဆောင်နိုင်မှုကို လွှင့်ပစ်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၄ မှတ်အကွာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန်နဲ့ သောကြာနေ့ညမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်အပြီး ဗုဒ္ဓဟူးနေ့မှာ ဆုဖလားအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲစဉ်အဖြစ် အစ်တီဟတ်မှာ မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးဟာ ယခုရာသီမှာ အာဆင်နယ်ကို ၂ ကြိမ်အထိ အနိုင်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ဆုဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ ဂွါဒီယိုလာရဲ့အသင်းအပေါ်မှာ ဖိအားတွေ ရှိနေမှာ ဖြစ်ပါတယ်။

ပီးရက်စ်က ဂျေးဇုသာ အသင်းဟောင်းရဲ့ ဆုဖလားစိန်ခေါ်မှုကို မှေးမှိန်စေပြီး ဂန်းနားတွေရဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား အနိုင်ရရှိဖို့ မျှော်လင့်ချက်ကို တိုးမြှင့်ပေးနိုင်မယ်ဆိုရင် မယုံနိုင်စရာဇာတ်လမ်းဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဂျေးဇုက အာဆင်နယ်အတွက် အစ်တီဟတ်မှာ အဆုံးအဖြတ်ပေးနိုင်မယ့် ကစားသမားဖြစ်နိုင်လားလို့ မေးမြန်းခဲ့ရာမှာ ပီးရက်စ်က “သေချာတာပေါ့။ သူသာ အဆုံးအဖြတ်ပွဲစဉ်မှာ အသင်းဟောင်းနဲ့ရင်ဆိုင်ရာမှာ အဓိကလူဖြစ်ခဲ့ရင် မယုံနိုင်စရာဇာတ်လမ်းဖြစ်လာပါလိမ့်မယ်။ ဂျေးဇုက ဒဏ်ရာရပြီးနောက် ပုံစံကောင်း ပြန်ရနေပါတယ်။ သူက အဆက်မပြတ် ဂိုးခြိမ်းခြောက်မှုတွေနဲ့ သူ့ရဲ့ မြန်နှုန်းကြောင့် အရမ်းကောင်းမွန်တဲ့အပြင် သူ့ရဲ့ တိကျသေချာမှုကလည်း တိုးတက်လာပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က