ဂလေဇာတို့ကို ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်သွားဖို့ တိုက်တွန်းနေတာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က ဂလေဇာမိသားစုအနေနဲ့ အသင်းကို ဂလေဇာတို့အနေနဲ့ အသင်းကို အမြန်ဆုံးရောင်းချပြီး ကိုယ့်ခြေထောက်နဲ့ကိုယ် အသင်းကနေ ထွက်သွားသင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။



ယူနိုက်တက်ကို ဂလေဇာက အရောင်းစာရင်းတင်ထားပေမယ့် ဝယ်ယူဖို့ ကမ်းလှမ်းတဲ့ ရက်ကလစ်ဖ်က ဂလေဇာတို့ကို ရှယ်ယာရှင်အဖွဲ့ဝင်တွေအဖြစ် ဆက်ထားပြီး အသင်းကို ထိန်းချုပ်ခွင့်ရှိတဲ့ ရှယ်ယာပမာဏကိုသာ ပေါင် (၅) ဘီလီယံထက် မနိမ့်တဲ့စျေးနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့တာပါ။ ဂလေဇာတို့ကလည်း ဒီကမ်းလှမ်းမှုကို သဘောကျခဲ့ပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်တို့ ဗြိတိန်သူဌေးလက်ထဲ ကျရောက်တော့မယ်လို့ သတင်းတွေက ကျယ်ကျယ်လောင်လောင် ဖော်ပြထားပါတယ်။ ယူနိုက်တက်ကို ဝယ်ယူဖို့ ကာတာစော်ဘွားတွေဘက်ကလည်း ကမ်းလှမ်းခဲ့ပါတယ်။ အယ်လ်သာနီက ဦးဆောင် ကမ်းလှမ်းခဲ့ပေမယ့် ဂလေဇာတို့ဘက်က တင်းခံခဲ့ပြီး ရက်ကလစ်ဖ်က အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့တာပါ။

ရက်ကလစ်ဖ်ကလည်း အသင်းကို ချေးငွေအချို့နဲ့ ဝယ်ယူသွားမှာဖြစ်ပြီး ဒါက ဂလေဇာလက်ထဲ အသင်းကျရောက်ခဲ့တဲ့နည်းတူ မထူးခြားနားတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နဗီးလ်က “ဒါက အလုပ်ဖြစ်မယ်မထင်ပါဘူး။ ဘောလုံးဆိုတာက စိတ်ခံစားမှုပါပဲ။ ယုံချင်ယုံ၊ မယုံချင်နေပါ။ မန်ချက်စတာမှာ ကျွန်တော်က အမေရိကန်ကုမ္ပဏီတစ်ခုနဲ့ ပါတနာတွေပါ”

“ဘဝရဲ့ အခြားအစိတ်အပိုင်းတွေမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် ဘောလုံးအသင်းတွေမှာ ခင်ဗျား ဒါမျိုး သွားလုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားက ပြန်ရတာကို လိုချင်တာပါ။ လက်ရှိအခိုက်အတန့်မှာ ရက်ကလစ်ဖ်ရော၊ ကာတာရဲ့ ကမ်းလှမ်းမှုကရော သူတို့အားသာချက်နဲ့ သူတို့ပါ”

“အခုအခိုက်အတန့်မှာ ကျွန်တော်ဖြစ်စေချင်တာက ဂလေဇာမိသားစု အသင်းကို ရောင်းချပြီး သူတို့ ခြေထောက်နဲ့ သူတို့ အသင်းကနေ ထွက်သွားဖို့ပါပဲ။ သူတို့ ပိုက်ဆံအများကြီးရှာပြီးပါပြီ။ အခုချိန်မှာ သူတို့ အသင်းကို လက်လွှဲပေးသင့်ပါပြီ။ အသင်းက သူတို့လက်အောက်မှာ ယိုယွင်းပျက်စီးနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က