နဗီးလ်က ဇင်ချန်ကို,ကို ပစ်မှတ်ထား ဝေဖန်ခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အာဆင်နယ် နောက်ခံလူ ဇင်ချန်ကိုရဲ့ အပြုအမူတွေကို ပစ်မှတ်ထားဝေဖန်ခဲ့ပါတယ်။ အာဆင်နယ်ဟာ တစ်ရာသီလုံးနီးပါး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။



ဒါပေမယ့် ချန်ပီယံဆုအတွက် အရေးကြီးတဲ့အချိန်ရောက်လာတဲ့အခါမှာတော့ ဆက်တိုက်ဆိုသလို ခြေချော်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခုချိန်မှာ မန်စီးတီးက တစ်ပွဲနိုင်ရုံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တော့မှာလည်း ဖြစ်ပါတယ်။

နဗီးလ်ဟာ အာဆင်နယ်တို့ အမှတ်ပေးဇယားကို ဦးဆောင်ချိန်မှာကတည်းက ရာသီကုန်မှာ မန်စီးတီးပဲ ချန်ပီယံဖြစ်မယ်လို့ အခိုင်အမာပြောဆိုခဲ့သူတစ်ဦးပါ။ အခုချိန်မှာလည်း ဂယ်ရီနဗီးလ်က “အချို့ကိစ္စလေးတွေကို ကြည့်လိုက်တော့ ဒါတွေက နည်းနည်းတော့ ခါးသက်ပါလိမ့်မယ်။ ဇင်ချန်ကိုက ဘုန်းမောက်ကို နိုင်တဲ့ပွဲအပြီးမှာ တစ်နာရီလောက် ပရိသတ်တွေနဲ့ အော်ဟစ်အောင်ပွဲခံခဲ့တာပါ”

“ခင်ဗျားအနေနဲ့ ကိုယ့်အသင်းက ခေါင်းဆောင်တွေကို အဝတ်လဲခန်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်နေတာမျိုး လိုချင်မှာပါပဲ။ ပြီးတော့ လူတိုင်းကို စိတ်အေးအေးထားဖို့ တိုက်တွန်းနိုင်တဲ့လူမျိုးပေါ့။ အသင်း‌ဖော်တွေကို စိတ်ပူပန်စေတာမျိုး၊ စိတ်လှုပ်ရှားစေတာမျိုးတွေ ခင်ဗျားအနေနဲ့ အဖြစ်ခံချင်မှာ မဟုတ်ပါဘူး” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း နဗီးလ်က “ထိပ်တန်းအဆင့်မှာဆိုရင် ဖိအားအများဆုံး ပတ်ဝန်းကျင်မှာတောင် ခင်ဗျား ပုံစံကောင်းပြနိုင်ရပါမယ်။ ကျွန်‌တော် ဒီအာဆင်နယ်အသင်းကို အမြဲတမ်း သံသယဝင်ခဲ့တာပါ။ အက်စတွန်ဗီလာကိုနိုင်တာကို အကြီးအကျယ် အောင်ပွဲခံခဲ့တာလိုမျိုး အချို့ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီးတော့ရောပေါ့” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က