ဘိုင်ယန်မြူးနစ်တို့ အဝေးကွင်းမှာ နောက်ကျဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ တူဟယ်လ်အတွက်ကတော့ “လူမစွမ်း၊ နတ်မ” ဆိုတဲ့အတိုင်းပါပဲ။ သူတို့က ကိုယ့်ပွဲကိုယ်လည်း အနိုင်ကန်ရမယ်၊ တစ်ဖက်မှာလည်း ဒေါ့မွန် ခြေချော်တာကို စောင့်ရမယ်၊ ဒီလိုအနေအထားမျိုးမှာမှ ချန်ပီယံဖြစ်ခဲ့တာ ထိုက်တန်ပြီး အခွင့်အရေးကောင်းကိုလည်း ယူနိုင်ခဲ့တာ ချီးကျူးရပါမယ်။



ဒီအချက်ကပဲ ဘိုင်ယန်မြူးနစ်တို့ ဘာကြောင့် ဘွန်ဒက်စ်လီဂါမှာ တစ်ကောင်တည်းပြေးနေလဲ၊ တစ်သင်းတည်း ချန်ပီယံဖြစ်ခဲ့လဲဆိုတဲ့အချက်တွေကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ အမှားကို စောင့်ရင်းနဲ့ပဲ ဘိုင်ယန်မြူးနစ်တို့ ကိုလုံးကို ဂရုတစိုက် ကစားခဲ့ပြီး (၁၀) မိနစ် မပြည့်ခင်မှာကတည်းက ကိုးမန်းက ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။



ပထမပိုင်းမပြီးခင်မှာ ဆာနေး ဒုတိယဂိုးသွင်းယူပေးခဲ့ပေမယ့် လက်နဲ့ထိခဲ့တာကြောင့် VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဘိုင်ယန်မြူးနစ်တို့ သာမန်ပဲ ကစားခဲ့ပြီး သူတို့ရဲ့ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ကို အဓိက ဦးတည်ခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် (၂၀) လောက်အထိကို တစ်ဖက်က ဒေါ့မွန်ကလည်း ရှုံးနိမ့်နေခဲ့တာပါ။



တူဟယ်လ်နဲ့ ဘိုင်ယန်မြူးနစ်အတွက်တော့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုက ဒီရာသီအတွက် တစ်ခုတည်းသော မျှော်လင့်စရာဖြစ်ခဲ့တာပါ။ တူဟယ်လ်အတွက်လည်း သူရောက်လာပြီးမှ အသင်းက ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်တို့ကနေ ဆက်တိုက် ထွက်ခဲ့ရပြီး အခု ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် နောက်ဆုံးပွဲမှာတောင် ပြိုင်ဘက်အမှားကို စောင့်ရတဲ့ အနေအထားအထိ ရောက်ခဲ့ပါတယ်။

အခု ဒီပွဲမှာဆိုရင်လည်း မထင်မှတ်ဘဲ ပင်နယ်တီ ပြန်ပေးလိုက်ရပြီး ဒေါ့မွန်ရဲ့ ရှုံးပွဲကို အခွင့်အရေး မယူနိုင်တော့မလို ဖြစ်ခဲ့ပေမယ့် လူငယ်ကြယ်ပွင့်လေး မူဆီအာလာက ဘိုင်ယန်မြူးနစ်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တူဟယ်လ်အတွက်တော့ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာပဲ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ပြီး သူ့အသင်းဟောင်း ဒေါ့မွန်က ဖလားနဲ့လွဲ၊ သူကတော့ ကံကောင်းခဲ့တယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က