ယူနိုက်တက် ခေါ်ယူသင့်တဲ့ ကစားသမားနှစ်ယောက်ကို အကြံပေးခဲ့တာပါ။

လိဒ်စ်ယူနိုက်တက်နည်းပြကြီး ဆမ်အလာဒွိုက်စ်က ယူနိုက်တက်အနေနဲ့ အခု နွေရာသီ အပြောင်းအရွှေ့မှာ အင်္ဂလန်ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဒကလန်ရိုက်စ်တို့ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းကလည်း ယူနိုက်တက်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်နေပါတယ်။



ယူနိုက်တက်ဟာ အသင်းရဲ့ ဗဟိုတိုက်စစ်ပိုင်းအတွက် ဟယ်ရီကိန်းကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်အဆိုင် ကြိုးစားရဖွယ်ရှိပါတယ်။ ဒကလန်ရိုက်စ်ကိုတော့ တန်ဟက်ခ်က အသည်းအသန် ခေါ်ယူချင်တာမျိုးမရှိဘဲ ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်ကိုပဲ ပြောင်းရွှေ့လိုနေကြောင်း သိရှိရပါတယ်။

ဆမ်အလာဒွိုက်စ်ကတော့ “ကျွန်တော့်အထင် ယူနိုက်တက်တို့ ဒကလန်ရိုက်စ်နဲ့ ဟယ်ရီကိန်းကိုသာ ခေါ်လိုက်ရင် သူတို့က ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ ဒုတိယရေပန်းအစားဆုံး အသင်းဖြစ်လာမှာပါ။ ဒကလန်ရိုက်စ်ရဲ့ ဒီရာသီ ခြေစွမ်းကို ကျွန်တော် မြင်တွေ့ခဲ့ရပြီး သူ့လို ကစားပုံမျိုးနဲ့ ကစားသမားမျိုးက ရှားပါးပါတယ်။ သူက ကွင်းလယ်နေရာစုံမှာ ကစားနိုင်ပြီး ဘောလုံးလည်း ကောင်းကောင်းဖြန့်နိုင်ပါတယ်”

“လူတွေကတော့ ဂိုးမသွင်းရင် သူ့အတွက် ပေါင်သန်း (၁၀၀) က တန်ရဲ့လားဆိုပြီး ထင်ကြပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းနဲ့ ဒကလန်ရိုက်စ်တို့နှစ်ယောက်လုံးကိုသာ ယူနိုက်တက်တို့ ခေါ်လိုက်မယ်ဆိုရင် သူတို့က ပရီးမီးယားလိဂ်ရဲ့ နံပါတ် (၁) နဲ့ (၂) နေရာကို တိုက်ပွဲဝင်နိုင်တော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကြီးမားတဲ့ ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်ဖို့အတွက်ဆိုရင်တော့ အသင်းက ကစားသမားတွေကို ရောင်းချဖို့၊ အသင်းပိုင်ရှင် အပြောင်းအလဲ အမြန်ဆုံးဖြစ်ဖို့ လိုအပ်ပါတယ်။ အခုချိန်မှာ ဟယ်ရီကိန်းတစ်ယောက်တည်းအတွက်ပဲ ပေါင်သန်း (၁၀၀) ဝန်းကျင် အသုံးပြုရမှာဖြစ်တာကြောင့် ဂလေဇာလက်ထက် ယူနိုက်တက်က ဘာမှမျှော်လင့်စရာမရှိဘူးလို့ဆိုရမှာပါ။ 

Share

Loading Next Article...
က္က