ဂရီလစ်ရှ်ရဲ့ လက်ထိဘောကတစ်ဆင့် ပင်နယ်တီပေးခဲ့ရတာပါ။

မန်စီးတီး တိုက်စစ်ကစားသမား ဂရီလစ်ရှ်ကတော့ မနေ့ညက ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီပေးခဲ့ရတဲ့အပေါ် နားမလည်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးက ဂွန်ဒိုဂန်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ အက်ဖ်အေဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။



ဒီရာသီမှာ ဖလားသုံးလုံးလမ်းကြောင်းပေါ် ရောက်ရှိနေတဲ့ မန်စီးတီးဟာ ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားနှစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လာမယ့်တစ်ပတ်မှာတော့ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ အနိုင်ရရှိခဲ့ရင် ယူနိုက်တက်နောက်ပိုင်း တစ်ရာသီအတွင်း ဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်တော့မှာပါ။

မနေ့ညက ယူနိုက်တက်နဲ့ပွဲမှာတော့ မန်စီးတီးတို့ ပွဲစပြီး (၁၅) စက္ကန့်အတွင်းမှာတင် အသင်းခေါင်းဆောင် ဂွန်ဒိုဂန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမပြီးခင်မှာ မန်စီးတီးတို့ ချေပဂိုး ပြန်ပေးလိုက်ရပြီး ဝမ်ဘစ်ဆာကာရဲ့ ခေါင်းတိုက်ချက်က ဂရီလစ်ရှ်ရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာပါ။

ဒီပင်နယ်တီကို ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပြီး ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ဂွန်ဒိုဂန်က ဧရိယာအပြင်ဘက်ကနေ အနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် မန်စီးတီးတို့ အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပင်နယ်တီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဂရီလစ်ရှ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။


ဂရီလစ်ရှ်က “ဒါက ဘယ်လိုဖြစ်လို့ ပင်နယ်တီပေးလိုက်မှန်း ကျွန်တော် မသိပါဘူး။ ကျွန်တော်က ဘောလုံးကို ကြည့်တောင် မကြည့်ခဲ့ပါဘူး။ ဘောလုံးကို ခေါင်းတိုက်ဖို့ လွဲသွားတာပဲရှိတာပါ။ တကယ်လို့များ ကျွန်တော်က ဖြတ်တင်ဘောကို လက်နဲ့ဟန့်တားခဲ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘောလုံးကို ကြည့်နေခဲ့တာပဲဖြစ်ဖြစ် ဆိုရင်တောင် နားလည်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဂွန်ဒိုဂန်က ကျွန်တော့်ကို ကယ်သွားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က