အန်ဒီကိုးလ်က ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က အသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒကလန်ရိုက်စ်နဲ့ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို ခေါ်ယူနိုင်ခဲ့သည့်တိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မဆွတ်ခူးနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။



ဒါပေမယ့်လည်း သူ့ကို ခေါ်ယူဖို့က စပါးဥက္ကဌ လီဗိုင်းကြောင့်အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ လှုပ်ရှားလာမှုကြောင့်ပါ အဆင်ပြေဖို့ ရာခိုင်နှုန်းနည်းပါးနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဒကလန်ရိုက်စ်ကို ခေါ်ယူဖို့အတွက်လည်း အရင်က စိတ်ဝင်စားခဲ့ပေမယ့် အခုချိန်မှာတော့ ဒီအင်္ဂလန်သားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှု မရှိတော့ဘဲ အာဆင်နယ်ကသာ သတင်းထွက်နေခဲ့တာပါ။

လိဒ်စ်ယူနိုက်တက်ကနေ အထုတ်ခံလိုက်ရတဲ့ နည်းပြကြီး ဆမ်အလာဒွိုက်စ်ကတော့ ယူနိုက်တက်တို့ ဒကလန်ရိုက်စ်နဲ့ ဟယ်ရီကိန်းကို ခေါ်လိုက်ရုံနဲ့ လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဒီကိုးလ်ကတော့ ဒီအမြင်ကို လက်သင့်ခံခဲ့ခြင်း မရှိပါဘူး။

အန်ဒီကိုးလ်က “ဟယ်ရီကိန်းက စပါးကနေ ထွက်ချင်တယ်၊ ယူနိုက်တက်ကလည်း အသက် (၂၉) နှစ်အရွယ် တိုက်စစ်မှူးအတွက် ပေါင်သန်း (၈၀) နဲ့ အထက် အသုံးပြုမယ်ဆိုရင်တောင် ဒီကစားသမားက မကြာခင် (၃၀) ပြည့်တော့မှာဖြစ်ပြီး သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အတွက် ယူနိုက်တက်က ကက်စ်မဲရိုးလို ကစားသမားမျိုးကို ခေါ်ပြီး အောင်မြင်မှုတွေဆီ မြန်မြန်သွားဖို့ စိတ်ဆုံးဖြတ်ထားလောက်ပါတယ်”

“ဒါမှမဟုတ် အနာဂတ်အတွက် ရည်ရွယ်တည်ဆောက်ပါလိမ့်မယ်။ ဟယ်ရီကိန်းကို ခေါ်မယ်ဆိုရင် နောက်နှစ်နှစ်နေရင် သူ့နေရာကို ပြန်အစားထိုးရဦးမှာပါ။ ယူနိုက်တက်က ဟယ်ရီကိန်း ဒါမှမဟုတ် ဒကလန်ရိုက်စ်လို တစ်‌ယောက်ယောက်ကို ခေါ်လိုက်ရင်တောင် သူတို့က ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးနဲ့ သူတို့အကြား ကွာဟချက် အရမ်းကြီးမားလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က