နေးရှင်းလိဂ်တတိယလုပွဲအပြီးမှာ ဗန်ဒိုက်ချ်ဝေဖန်ခံနေရတာပါ။

မနေ့ညက ကစားခဲ့တဲ့ နယ်သာလန်နဲ့ အီတလီတို့ရဲ့ ယူရိုနေးရှင်းလိဂ် တတိယနေရာလုပွဲမှာ အီတလီက နယ်သာလန်ကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ပရိသတ်တွေအတွက် ပြောစမှတ်ဖြစ်ခဲ့တာက နယ်သာလန်ဗဟိုနောက်ခံလူ ဗန်ဒိုက်ချ်ရဲ့ ခြေစွမ်းပါပဲ။



ဒီပွဲမှာ နယ်သာလန်က ပထမပိုင်း မိနစ် (၂၀) မှာတင် အီတလီ ကစားသမားတွေဖြစ်တဲ့ ဒီမာကို၊ ဖရက်တီဆီတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တာပါ။ ဒုတိယပိုင်းမှာ ဘာ့ချ်ဝင်းက ချေပဂိုးတစ်ဂိုး ပြန်သွင်းပြီး နယ်သာလန်တို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် ဗန်ဒိုက်ချ်ရဲ့ အမှားကတစ်ဆင့် အီတလီတို့ တတိယ‌မြောက်ဂိုး ရရှိသွားခဲ့ပါတယ်။


ဒီဂိုးကိုတော့ အီတလီ ကြယ်ပွင့် ချီယေဆာက သွင်းယူပေးခဲ့ပြီး ဒီလိုမျိုးဂိုးကို ခွင့်ပြုပေးခဲ့ရတဲ့အပေါ် ဗန်ဒိုက်ချ်တစ်ယောက် ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဗန်ဒိုက်ချ်ဟာ ပင်နယ်တီဧရိယာထဲ ဘောလုံးနဲ့ ဝင်လာတဲ့ ချီယေဆာကို တားဆီးဖို့ ကြိုးစားတဲ့နေရာမှာ အားအင်စိုက်ထုတ်မှုမရှိဘဲ လျော့တိလျော့ရဲ ပုံစံမျိုးနဲ့ ကစားခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ချီယေဆာက အီတလီအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း ဗန်ဒိုက်ချ်ကို ဝေဖန်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေက “ဗန်ဒိုက်ချ်ရေ... မင်း ဘောလုံးသမားဘဝက အနားယူဖို့ အချိန်ရောက်ပြီ” “ဗန်ဒိုက်ချ်အတွက် နောက်ထပ် ကပ်ဆိုးတစ်ခုပဲ။ သူ့ရဲ့ ကစားပုံက စိတ်ပျက်စရာပါ” “ထာဝရအကောင်းဆုံး နောက်ခံလူပါဆိုတဲ့ ဗန်ဒိုက်ချ် ဘာတွေဖြစ်နေတာလဲ” အစရှိသဖြင့် အမျိုးမျိုး ဝေဖန်ခဲ့ကြပါတယ်။

ဗန်ဒိုက်ချ်နဲ့ ပတ်သက်လို့ နယ်သာလန်ဂန္တဝင်ဟောင်း ဗန်ဒါဗတ်ကလည်း “ပထမပိုင်းက ဗန်ဒိုက်ချ်ရဲ့ အားထုတ်ပုံကို ကြည့်လိုက်ပါဦးဗျာ။ သူနဲ့ တွဲဖက်နောက်ခံလူ ဂီရာထရူဒါကတော့ ငါ့အိမ် မီးလောင်ပြီဟလို့ တစ်စက္ကန့်တောင် တွေးချိန်ရလိုက်မှာ မဟုတ်ပါဘူး” လို့ ဝေဖန်ပြောကြားသွားခဲ့ပါ‌သေးတယ်။ 

Share

Loading Next Article...
က္က