ဒကလန်ရိုက်စ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ လေ့ကျင့်ခန်း အတူတူဆင်းနေကြတာပါ။

ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ နွေရာသီ အားလပ်ရက်မှာ ဒကလန်ရိုက်စ်၊ ရာဖေးလ်လီယာအို၊ ကန်ဆယ်လိုတို့နဲ့အတူ ပေါ်တူဂီနိုင်ငံမှာ လေ့ကျင့်ခန်းဆင်းလျက်ရှိပါတယ်။ ဒါ့အပြင် အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ဗီဒီယိုအရလည်း ဘရူနိုဖာနန်ဒက်စ်နဲ့ ဒကလန်ရိုက်စ်တို့နှစ်ယောက် လေ့ကျင့်ခန်းဆင်းရင်း ပရိသတ်တွေအတွက် သဘောကျစရာ အခိုက်အတန့်တွေကို ဖန်တီးခဲ့ကြပါတယ်။



ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ဆီ တိုက်ရိုက်ရောက်ရှိလာတဲ့ ဘောလုံးကို မြေမကျကန်ချက်နဲ့ ဂိုးတိုင်ကို ထိအောင် ကန်ပြခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီကန်ချက်ကို ဒကလန်ရိုက်စ်က အံ့အားသင့်ခဲ့ရပြီး အဲ့ဒီနောက်မှာတော့ နောက်ပြောင်ရင်း နှစ်ယောက်သား ရင်းရင်းနှီးနှီးရှိနေခဲ့တာကို ပရိသတ်တွေအားလုံး မြင်တွေ့ခဲ့ရပါတယ်။



ဒကလန်ရိုက်စ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ဝန်းကျင်နဲ့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်အထိ သူ့ရဲ့ အပြောင်းအရွှေ့က တရားဝင်ကြေညာဖို့ နှောင့်နှေးနေဆဲဖြစ်ပြီး နောက်ကွယ်က အကြောင်းအရင်းအမျိုးမျိုးကိုလည်း ပရိသတ်တွေက မရိုးရအောင် ခန့်မှန်းနေကြပါတယ်။

အခု ဘရူနိုဖာနန်ဒက်စ်နဲ့ ဒကလန်ရိုက်စ်တို့ရဲ့ ဗီဒီယိုကို မြင်တွေ့ပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက “ဒကလန်ရိုက်စ်တစ်ယောက် အာဆင်နယ်နဲ့ လာပူးပေါင်းဖို့ ဘာလို့နှောင့်နှေးနေလဲ အခုမှ နားလည်သွားတယ်” “ယူနိုက်တက်က နောက်ဆုံးစက္ကန့်မှ ရိုက်စ်ကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်နေပုံပဲ” “အာဆင်နယ် ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ် အခုကန်သလိုမျိုး ကန်ပြနိုင်တဲ့ ကွင်းလယ်လူ တစ်ယောက်မှ မရှိပါဘူး” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒကလန်ရိုက်စ်ဟာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ရဲ့ ပစ်မှတ်လည်း ဖြစ်ခဲ့ပေမယ့် လက်ရှိနွေရာသီမှာတော့ သူ့ကို ခေါ်ယူဖို့အတွက် မန်စီးတီး၊ အာဆင်နယ်တို့ကသာ အမှန်တကယ် လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကလည်း အယောင်ပြလှုပ်ရှားမှုသာ ရှိခဲ့ပြီး အာဆင်နယ်ကသာ ဒကလန်ရိုက်စ်ကို လိုလိုချင်ချင်နဲ့ ခေါ်ယူဖို့ ကြိုးစားသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က