ယူနိုက်တက်က အာဆင်နယ်ကို ခပ်ကြမ်းကြမ်း ကစားခဲ့တာပါ။

ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်ကတော့ ခြေစမ်းပွဲမှာ အာဆင်နယ် တောင်ပံကစားသမား ဆာကာကို သူ့ရဲ့ ထုံးစံအတိုင်း ခပ်ကြမ်းကြမ်း ဝင်ထွက် ကစားခဲ့ပြီး ပရိသတ်တွေအကြားမှာ ပြောစရာဖြစ်စေခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ သာမန်ပွဲကစားချိန်အတွင်း နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ယူနိုက်တက်အတွက် ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲကို စတင်စီစဉ်ကတည်းက ပွဲပြီးရလဒ် သရေကျကျ၊ မကျကျ ပင်နယ်တီဆက်ကန်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပင်နယ်တီ ထပ်မံကန်သွင်းခဲ့ပြီး ပင်နယ်တီမှာလည်း ယူနိုက်တက်ကသာ ၅-၃ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့ပါတယ်။


ဒီပွဲကို ပရိသတ်ပေါင်း (၈) သောင်း ရှေ့မှာ ကစားခဲ့တာဖြစ်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ ပွဲမတိုင်ခင် ပြောကြားထားသလိုပဲ ဒီပွဲကို တကယ့်ပြိုင်ပွဲတစ်ပွဲအသွင် ကစားခဲ့ပါတယ်။ ဒါ့အပြင် မာတီနက်ဇ်က ဆာကာကို သိသိသာသာ ကစားပုံကြမ်းခဲ့ပြီး အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့လည်း ထပ်မံ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။


ဆာကာ လဲကျသွားချိန်မှာ အိုဒီဂတ်က မာတီနက်ဇ်ကို ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မာတီနက်ဇ်ကလည်း သူ့ပုံစံအတိုင်းပဲ မာမာထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မာတီနက်ဇ်တစ်ယောက် အဝါကတ်ပြသခံခဲ့ရပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ “ပြိုင်ဆိုင်မှုပြင်းထန်တာကို လက်ခံပါတယ်။ ဒါပေမယ့် မာတီနက်ဇ်က ခြေစမ်းပွဲမှာ ဒါမျိုး ဝင်စရာ မလိုပါဘူး”

“မာတီနက်ဇ်ရော၊ ဘရူနိုဖာနန်ဒက်စ်ရောက ဒီပွဲမှာ အာဆင်နယ် ကစားသမားတွေကို ဒဏ်ရာရအောင် လုပ်ဖို့ တစ်ကွင်းလုံး ပတ်ပြေးနေပါတယ်။ ဘာကြောင့်ပဲ ဒီပွဲကို ကစားဖို့ သဘောတူခဲ့လဲ စဉ်းစားလို့ မရပါဘူး” “ဆာကာအပေါ် မာတီနက်ဇ်ရဲ့ ဖျက်ထုတ်မှုက အဆင့်မရှိဘဲ ညစ်ပတ်တဲ့ လုပ်ရပ်ပါ” “ခြေစမ်းပွဲမှာတော့ ဒါလုံးဝ မလုပ်သင့်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က