ယူနိုက်တက်ရဲ့ ကစားသမားသစ်ဖြစ်လာတဲ့ ဟို့ဂျ်လန်းတစ်ယောက် အသင်းမှာ စိတ်ကြိုက်ကျောနံပါတ်ကို ရယူနိုင်ဖို့ ယူနိုက်တက်တို့ အသင်းက ကစားသမားကို ရောင်းထုတ်သွားတော့မယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်တို့ ဟို့ဂျ်လန်းကို ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာပါ။
အဆိုပါ ဒိန်းမတ်လက်ရွေးစင်ကြယ်ပွင့်ဟာ ယူနိုက်တက်ရဲ့ ဗဟိုတိုက်စစ်မှူးဖြစ်လာဖို့ရှိပြီး ကျောနံပါတ် (၉) ဒါမှမဟုတ် ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ခွင့်ရဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကျောနံပါတ် (၁၀) ကို ရပ်ရှ်ဖို့ဒ်က ဝတ်ဆင်ထားပြီး ဒီကစားသမားကလည်း အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုထားတာကြောင့် မာရှယ်လ်ရဲ့ ကျောနံပါတ် (၉) ကသာ ဖြစ်နိုင်ခြေပိုများနေပါတယ်။
ဒါပေမယ့်လည်း Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟို့ဂျ်လန်းဟာ ကျောနံပါတ် (၁၇) ကိုသာ နှစ်သက် သဘောကျသူဖြစ်ကြောင်း သိရှိရပါတယ်။ ဟို့ဂျ်လန်းဟာ ဒီကျောနံပါတ်ကို အတ္တလန်တာမှာလည်း ဝတ်ဆင်ခဲ့ပြီး ယူနိုက်တက်မှာလည်း ဆက်လက်ဝတ်ဆင်သွားဖို့ ရွေးချယ်ဖွယ်ရှိပါတယ်။
လက်ရှိယူနိုက်တက်မှာ ကျောနံပါတ် (၁၇) က ဖရက်ဒ် ဝတ်ဆင်နေတဲ့ ကျောနံပါတ်ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဖရက်ဒ်က လက်ရှိနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာတော့မှာဖြစ်ပြီး ကျောနံပါတ် (၁၇) ကို ဟို့ဂျ်လန်းက ဝတ်ဆင်သွားဖို့ရှိနေပါတယ်။ အသက် (၂၀) အရွယ် ဟို့ဂျ်လန်းဟာ ဟာလန်းလက်သစ်အဖြစ် နာမည်ကြီးနေတာပါ။
ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဟို့ဂျ်လန်းကို တော်တော်လေး မျှော်လင့်ထားပြီး အခုလိုမျိုး ကျောနံပါတ်ကိစ္စပါ တိုက်ဆိုင်သွားတဲ့နောက် ယူနိုက်တက်တို့ ဟို့ဂျ်လန်းအတွက် ဖရက်ဒ်ကိုပါ ရောင်းထုတ်ပေးလိုက်ပြီလို့ ပရိသတ်တွေ၊ မီဒီယာတွေက အမွှန်းတင်နေကြပါတယ်။