ဖောရက်စ်နဲ့ပွဲအပြီးမှာ ချီးကျူးခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ တုံ့ပြန်ပုံကို ချီးကျူးသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒီပွဲရဲ့ ပွဲကစားချိန်အစောပိုင်းမှာတင် ယူနိုက်တက်တို့ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲရစ်ဆင်၊ ကက်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်းမှာ နောက်ကလိုက်ကစားပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ တန်ဟက်ခ်က “နော်တင်ဟမ်ဖောရက်စ်ကို ကျွန်တော် လေးစားမှုရှိရှိနဲ့ ပြောတဲ့စကားပါ။ ကျွန်တော်တို့ ဒါမျိုး ဂိုးတွေကို ခွင့်မပြုနိုင်ပါဘူး။ သူတို့က လွယ်လွယ်ကူကူနဲ့ ဂိုးရသွားခဲ့ပြီး တကယ်ကို ရူးချင်စရာပါပဲ။ ဒါပေမယ့် တစ်ခါတလေတော့လည်း ဘောလုံးပွဲတွေက ဒီလိုပါပဲ။ ဆိုးရွားတဲ့အစပိုင်းဖြစ်ခဲ့ပေမယ့် အသင်းရဲ့ စရိုက်နဲ့ တုံ့ပြန်မှုက ထက်မြက်ခဲ့ပါတယ်”

“ကျွန်တော်တို့ အရမ်းကို တည်ငြိမ်အေးဆေးခဲ့ပြီး စုစည်းမှုလည်းရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့ကြတယ်၊ အစီအစဉ်အတိုင်း အကောင်အထည်ဖော်ခဲ့ကြပြီး ကောင်းမွန်တဲ့ ကစားပုံအချို့ကို ပြသနိုင်ခဲ့ရင်း သုံးဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ Comeback တစ်ခုပါပဲ”

“ဒါက အမှတ်ရစရာ စွမ်းဆောင်ရည်ဖြစ်ပြီး ဒီအသင်းက ပြန်လာနိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိုး အစပိုင်းနဲ့ ကြုံထားရရင် ဒါကို ပြန်ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ မလွယ်ကူပေမယ့် အသင်းက ခံယူချက်အပြည့်နဲ့ လုပ်နိုင်ခဲ့ပါတယ်။ အချို့နေရာတွေမှာ တိုးတက်ဖို့ကျန်နေသေးပေမယ့် ယေဘုယျအားဖြင့် ဒီအသင်းက အချိန်တိုင်း ပြန်လာနိုင်တဲ့ စရိုက်လက္ခဏာမျိုးရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က