ဆန်ချိုရဲ့ နောက်ကျတဲ့အကျင့်ကို ပြင်ဖို့ ကြိုးစားခဲ့တာပါ။

ယူနိုက်တက်နည်းပြတန်ဟက်ခ်ဟာ အသင်းမှာ ဆန်ချိုတစ်ယောက်တည်း လိုက်နာရမယ့် စည်းကမ်းတစ်ခု ထုတ်ပြန်ခဲ့ဖူးကြောင်း သိရှိရပါတယ်။ အဆိုပါစည်းမျဉ်းကိုတော့ တန်ဟက်ခ်က ပြီးခဲ့တဲ့ရာသီမှာ ထုတ်ပြန်ခဲ့တာပါ။



ဒီစည်းကမ်းအရ ဆန်ချိုဟာ အသင်းလေ့ကျင့်ရေးအစီအစဉ်တွေ မစတင်ခင် တစ်နာရီအလိုကတည်းက လေ့ကျင့်ရေးကွင်းကို အရောက်လာရမယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီစည်းကမ်းကို အခြားသော ယူနိုက်တက် ကစားသမားတွေ လိုက်နာစရာမလိုဘဲ ဆန်ချိုတစ်ယောက်တည်းအတွက်သာ သီးသန့် ထုတ်ပြန်ခဲ့ရတယ်လို့ သိရှိရပါတယ်။

ဆန်ချိုဟာ အရင်ကတည်းက စည်းကမ်းပိုင်း အားနည်းတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး လေ့ကျင့်ခန်း အစီအစဉ်တွေ၊ အသင်းလိုက် အစည်းအဝေးတွေကို နောက်ကျတဲ့နေရာမှာ နာမည်ပျက်ရှိသူတစ်ယောက်ပါ။ တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့ပြီး ကစားသမားတွေရဲ့ စည်းကမ်းပိုင်းကို အလေးပေး ကိုင်တွယ်ခဲ့ပါတယ်။

တန်ဟက်ခ်လက်ထက်မှာ ရပ်ရှ်ဖို့ဒ်၊ ဂါနာချိုတို့ဟာ အခုလိုမျိုးပဲ အသင်းရဲ့ အစည်းအဝေးတွေကို နောက်ကျခဲ့တာကြောင့် အနီးစပ်ဆုံးပွဲတွေမှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့ရဖူးပါတယ်။ လက်ရှိမှာတော့ ဆန်ချိုနဲ့ တန်ဟက်ခ်တို့နှစ်ယောက်အကြား ပြဿနာက တော်တော်လေး ဆိုးရွားနေဆဲပါ။ ‘

တန်ဟက်ခ်က ဆန်ချိုကို လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ လူသိရှင်ကြား ထုတ်ပြောမှုကို ဆန်ချိုက ဆိုရှယ်မီဒီယာကတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ ဆန်ချိုနဲ့ တန်ဟက်ခ်တို့အကြား သီးသန့် တွေ့ဆုံမှုတွေ ပြုလုပ်ပြီးဖြစ်ပေမယ့် အဆင်ပြေခဲ့ခြင်းမရှိဘဲ ဆန်ချိုကတော့ လာမယ့်ဆောင်းရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်။  

Share

Loading Next Article...
က္က