ဘန်လေနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူ ဂျွန်နီအီဗန်စ်ဟာ မနေ့ညက ဘန်လေကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အခု နိုင်ပွဲကြောင့်လည်း ယူနိုက်တက်တို့ (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။



ဒီပွဲမှာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းရဲ့ အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပွဲထွက် ကစားသမားစာရင်းမှာ အသက် (၃၅) နှစ်အရွယ် အီဗန်စ်ကို ပြန်လည် အသုံးပြုခဲ့ရပါတယ်။ အီဗန်စ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့ ကစားသမားပါ။

ကနဦးမှာ နွေရာသီကာလအတွင်း ပူးပေါင်းလေ့ကျင့်ဖို့သာ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တစ်ရာသီစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မနေ့ညက ဘန်လေနဲ့ပွဲမှာတော့ အီဗန်စ်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အီဗန်စ်က ရီဂွယ်လွန်ရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့သေးပေမယ့် VAR နဲ့ ပယ်ဖျက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ပရိသတ်တွေကတော့ “အီဗန်စ်ကစားတဲ့ပွဲတွေနဲ့ မရင်းနှီးခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ အရင် ယူနိုက်တက်အသင်းက တိုက်ပွဲဝင် စိတ်ဓာတ်မျိုး ရှိနေပါတယ်” “အီဗန်စ်ရေ။ ငါ့ကို ခွင့်လွှတ်ပါကွာ။ မင်းကို မှားပြီး အကဲဖြတ်မိခဲ့တယ်”

“သူ့ကို ပြန်ခေါ်လိုက်တုန်းက နည်းနည်းလန့်သွားခဲ့ရပါတယ်။ ဒါပေမယ့် သူက မက်ဂွိုင်းရားထက်တော့ အချိန်တိုင်းမှာ သာလွန်တဲ့ ကစားသမားပဲ” “အရင်တုန်းက စိတ်ဓာတ်မျိုး အသင်းကို ပြန်ယူခဲ့စမ်းပါ ခေါင်းဆောင်ကြီးရာ” လို့ အမျိုးမျိုး မှတ်ချက်ပြု ချီးကျူးခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က