ဆန်ချိုကို ပြစ်ဒဏ်ထပ်ချလိုက်တာပါ။

ယူနိုက်တက်ဟာ ဆန်ချိုကို အသင်းကြီးကစားသမားတွေ အသုံးပြုတဲ့ Facilities တွေ အသုံးပြုခွင့်ကနေပါ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဆန်ချိုဟာ ကနဦးမှာ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ခန်းဆင်းခွင့်မရဘဲ တစ်ယောက်တည်း သီးသန့် လေ့ကျင့်ခန်းဆင်းနေရတာပါ။



တန်ဟက်ခ်နဲ့ ဆန်ချိုတို့နှစ်ယောက် လူသိရှင်ကြား အပြန်အလှန် ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် တန်ဟက်ခ်က ဆန်ချိုကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ အသင်းဘက်က ဆန်ချိုကို တန်ဟက်ခ်နဲ့ ပတ်သက်လို့ ပြန်လည် တောင်းပန်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆန်ချိုက တန်ဟက်ခ်ကို ပြန်လည်တောင်းပန်လိုခြင်းမရှိတာကြောင့် အခြေအနေက အခုလိုမျိုး ဆိုးရွားလာခဲ့တာပါ။ ကနဦးမှာ ဆန်ချိုအနေနဲ့ တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်း ဆင်းရတာသာရှိပြီး အဝတ်လဲခန်း၊ စားသောက်ခန်း၊ အားကစားခန်းမ အစရှိတဲ့နေရာတွေမှာ ပထမအသင်းကြီး ကစားသမားတွေ အသုံးပြုတဲ့ Facilities အတိုင်း အသုံးပြုခွင့်ရနေတာပါ။

အခုနောက်ဆုံးမှာတော့ တန်ဟက်ခ်နဲ့ အသင်းဘက်က ဆန်ချိုကို ပထမအသင်းကြီး ကစားသမားစာရင်းကနေ လုံးဝဖယ်ရှားလိုက်ကြောင်း နိမိတ်ပြသတဲ့အနေနဲ့ အသင်းကြီးကစားသမားတွေသာ အသုံးပြုခွင့်ရတဲ့ Facilities တွေကို ဆန်ချိုကိုအသုံးပြုခွင့် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ အသင်းကြီးကစားသမားတွေနဲ့ လူငယ်ကစားသမားတွေ အတူတကွ စားသောက်လင့်ကစား ဆန်ချိုအနေနဲ့ လူငယ်ကစားသမားတွေဘက်ကသာ ထိုင်ပြီး စားသောက်ရမှာပါ။

ယူနိုက်တက်ကတော့ ဆန်ချိုကို ဆော်ဒီလိဂ်ရဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မပိတ်သိမ်းခင်ကတည်းက ရောင်းချဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဆန်ချိုကို ခေါ်ယူလိုတဲ့ အသင်းမရှိဘဲ လာမယ့်ဆောင်းရာသီမှာတော့ ဆန်ချိုတစ်ယောက် ဘယ်အသင်းကို ရောက်ရှိသွားမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

Loading Next Article...
က္က