ဂိုးသမားနှစ်ယောက်ကြားကို မီးထိုးပေးနေတာပါ။

ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က ရမ်စ်ဒေးလ်အနေနဲ့ လာမယ့်ပွဲတွေမှာ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရင် အသင်းကနေ ထွက်သွားနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ရမ်စ်ဒေးလ်ဟာ နောက်ပိုင်းပွဲတွေမှာ ပုံမှန်ပွဲထွက်ခွင့် မသေချာတော့တဲ့ ကစားသမားပါ။



ပြီးခဲ့တဲ့နွေရာသီကမှ ခေါ်ယူထားတဲ့ ဒေးဗစ်ရာယာက နောက်ပိုင်း အရေးကြီးတဲ့ပွဲစဉ်တွေမှာ အာတီတာရဲ့ နံပါတ် (၁) ဂိုးသမားဖြစ်လာနိုင်ပါတယ်။ လတ်တလောမှာတော့ ရမ်စ်ဒေးလ်နဲ့ ရာယာတို့နှစ်ယောက်အကြား ဘာပြဿနာမှ ထွေထွေထူးထူးမရှိသေးပါဘူး။

ဒါပေမယ့်လည်း နဗီးလ်က “ဒါမျိုးသာ ဆက်သွားနေမယ်ဆိုရင် ရမ်စ်ဒေးလ်က အာတီတာကို တံခါးခေါက်ပြီး ‘ကျွန်တော် ပွဲကစားဖို့ လိုအပ်တယ်၊ အခုအတိုင်း ဆက်သွားနေရင် ကစားခွင့်ရတဲ့အသင်းကို ပြောင်းဖို့ လိုအပ်တယ်’ ဆိုပြီး သွားပြောပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

နဗီးလ်ဟာ ဒီပြောစကားကို ကာရေဂါ၊ အီယန်ရိုက်၊ ရွိုင်ကိန်းနဲ့ ဂျေးလ်စကော့တို့ ပါဝင်တဲ့ Podcast တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ကာရေဂါကလည်း အာဆင်နယ်အနေနဲ့ ရမ်စ်ဒေးလ်လို ဂိုးသမားမျိုးနဲ့ ဘယ်တော့မှ ပရီးမီးယားလိဂ်ဖလားရနိုင်မှာ မဟုတ်တဲ့အကြောင်း ပြောကြားခဲ့ဖူးပါတယ်။

အသင်းမှာ ရမ်စ်ဒေးလ်လို ဂိုးသမားမျိုးရှိနေသည့်တိုင် ပထမဂိုးသမးနေရာအတွက် ရာယာကို ထပ်မံခေါ်ယူခဲ့တဲ့ လုပ်ရပ်ကိုလည်း ဝေဖန်မှုတွေရှိနေပါတယ်။ ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်၊ နွေရာသီမှာ အသင်းကို ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး အာဆင်နယ်ရဲ့ အဓိကဂိုးသမားအဖြစ် အသုံးတော်ခံ လက်စွမ်းပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က