ပဲလေ့စ်နဲ့ပွဲအပြီးမှာ ပြောကြားသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြိုင်ဘက်ကို အခွင့်အရေးသုံးကြိမ်သာ ပေးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဧရိယာထဲမှာ ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်ချမှုအပိုင်းက စိတ်ပျက်ဖို့ ကောင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။



ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဂျိုအာချင်အန်ဒါဆန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဒီရာသီ ပရီးမီးယားလိဂ် (၇) ပွဲကစားပြီးချိန်မှာ (၄) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တန်ဟက်ခ်က “ပရိသတ်တွေ လှောင်ပြောင်တဲ့အပေါ် ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို ရှုံးပွဲအတွက် ဖြေရှင်းလည်း အကြောင်းပြချက်တွေ ပေးတယ်ပဲ ပြောမှာပါ။ ဒီအတွက် ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ကျွန်တော်တို့ နိုင်ကိုနိုင်ရမယ့်ပွဲတစ်ပွဲပါ။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် ရှုံးသွားပါပြီ။ ဒါက ရှင်းပါတယ်”

“ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရမှာဖြစ်ပြီး အိုးထရက်ဖို့ဒ်နဲ့ လိုက်ဖက်ညီတဲ့ အဆင့်အတန်းမျိုးကို ပြသရပါမယ်။ ကစားသမားတွေ မပြေးလွှားခဲ့တာအတွက် ကျွန်တော် အပြစ်မတင်နိုင်တော့ဘူးလို့ ထင်ပါတယ်။ သူတို့က အရာအားလုံး ပေးဆပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကိုယ့်ဂိုးဧရိယာထဲမှာရော၊ ပြိုင်ဘက်ဂိုးဧရိယာထဲမှာပါ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး”

“ဒီပွဲမှာ ကျွန်တော်တို့ အခွင့်အရေးသုံးကြိမ်ပဲ ပေးခဲ့ရပြီး ဒါကလည်း ဘောသေတွေကဖြစ်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတာ ပြနေပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ နေရာယူတာ မကြာခဏ ကောင်းမွန်ခဲ့ပေမယ့် ဘောလုံးကိုင်ထားချိန်မှာရော၊ ဘောလုံးမရှိချိန်မှာပါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ပါဘူး။ ဒါက အရမ်း စိတ်ပျက်ဖို့ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က