အန်တိုနီက လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲမှာ အန်တိုနီ ပြန်လည်ပါဝင်လာနိုင်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အန်တိုနီဟာ လက်ရှိမှာ ချစ်သူဟောင်းကို အကြမ်းဖက်မှုနဲ့ စွပ်စွဲ စစ်ဆေးခံခဲ့ရပါတယ်။



ဒါပေမယ့်လည်း ဒီကစားသမားက အမှုအနိုင်ရရှိဖို့ ယုံကြည်မှုအပြည့်ရှိနေပြီး ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ထံ လိုအပ်တဲ့အချက်အလက်အားလုံး ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်က အန်တိုနီကို ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင်ကတည်းက အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ပြုခဲ့ပါတယ်။

အန်တိုနီအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၀-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိပေမယ့် ဒီကြားရက်မှာ ကစားမယ့် ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် အန်တိုနီဟာ အသင်းနဲ့လည်း ပူးပေါင်း လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။

အန်တိုနီနဲ့ ပတ်သက်လို့ တန်ဟက်ခ်က “အန်တိုနီက အခုချိန်မှာ စိစစ်ဆဲကာလထဲ ရောက်နေပေမယ့် မနေ့က သူ အသင်းလိုက် လေ့ကျင့်ခန်းအစီအစဉ်မှာ ပထမဆုံးအနေနဲ့ ပြန်လည်ပါဝင်လာခဲ့ပါပြီ။ နောက်ဆုံး လေ့ကျင့်ခန်းပြီးဆုံးချိန်မှာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမှာပါ။ ဒီတော့ သူ့ကို ထည့်သုံး၊ မသုံးစဉ်းစားရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အသင်းရလဒ်ပိုင်းနဲ့ ပတ်သက်လို့လည်း တန်ဟက်ခ်က “အသင်းက ရှေ့ဆက်နေပေမယ့် ချိန်ညှိရမှာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဘယ်နောက်ခံလူနေရာအတွက် လူမရှိလို့ အပြောင်းအလဲတွေ လုပ်ခဲ့ရပါတယ်။ အသင်းမှာ တိုးတက်မှုတွေရှိနေပေမယ့် နောက်ဆုံးမှာ အရေးကြီးတာက ရလဒ်ပိုင်းပါပဲ။ လိုချင်တဲ့ရလဒ်မရတဲ့အခါမှာတော့ ကျွန်တော်တို့ အရမ်းကို စိတ်ပျက်ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က