စပါးနဲ့ပွဲပြန်ကန်ဖို့ ကလော့ပ်က ပြောကြားခဲ့တာပါ။

အငြင်းပွားဖွယ်ရာတွေ ဖြစ်ပွားခဲ့တဲ့ စပါးနဲ့ လီဗာပူးပွဲကို ပြန်ကန်သင့်တဲ့အကြောင်း ပြောကြားခဲ့တဲ့ ကလော့ပ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းပဲဖြစ်တဲ့ ဝုလ်ဗ်က လှောင်ပြောင်လိုက်ပါတယ်။ အဆိုပါပွဲမှာ စပါးတို့ လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲမှာ လီဗာပူးက ကာတစ်ဂျုံးစ်၊ ဂျိုတာတို့ အထုတ်ခံခဲ့ရသလို တစ်ယောက်လျော့ပြီးနောက် ရရှိခဲ့တဲ့ ဒီယက်ဇ်ရဲ့ သွင်းဂိုးကလည်း VAR ရဲ့ အမှားအယွင်းကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ VAR ဒိုင်တွေရဲ့ အသံမှတ်တမ်းတွေ ပေါ်ထွက်လာခဲ့တဲ့နောက် ဒီပွဲကို စုံစမ်းစစ်ဆေးမှုတွေရှိနေပြီး ပြန်ကန်ခိုင်းဖို့အထိ သတင်းထွက်လာခဲ့ပါတယ်။

ကလော့ပ်ကလည်း ဒါကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး လက်ရှိမှာတော့ ဝုလ်ဗ်က ကလော့ပ်ရဲ့ ပြောစကားကို လှောင်ပြောင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဝုလ်ဗ်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံချိန်တုန်းက လီဗာပူးတို့ VAR ရဲ့ မျက်နှာသာပေးခြင်းကို ခံခဲ့ရပြီး ဝုလ်ဗ်ဘက်က ဒါကို အစဆွဲထုတ်ကာ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်ရဲ့ တရားဝင် TikTok အကောင့်ကတစ်ဆင့် “တစ်မိနစ်လောက် ကြည့်ရအောင်ပါ” လို့ ကပ်ရှင်ရေးသားကာ လီဗာပူးနဲ့ပွဲမှာ VAR ရဲ့ မမျှမတလုပ်ခဲ့ပုံတွေကို ပြန်လည်မျှဝေခဲ့တာပါ။ လက်ရှိမှာတော့ ဒီပြဿနာက တော်တော်လေးကို ဟိုးလေးတစ်ကျော်ဖြစ်နေပြီး လီဗာပူးပရိသတ်တွေကလည်း ဒေါသပေါက်ကွဲနေပါတယ်။

အဲ့ဒီပွဲမှာသာ ဒီယက်ဇ်ရဲ့ဂိုးကို ရရှိခဲ့မယ်ဆိုရင် ပွဲရလဒ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် အမှန်ကို သိချိန်မှာ နောက်ကျသွားခဲ့ပြီး VAR နဲ့ ကွင်းလယ်ဒိုင်တို့လည်း ပွဲချိန်အတွင်းမှာပဲ သူတို့ရဲ့အမှားကို ချက်ချင်း သတိပြုမိခဲ့ကြောင်း ထွက်ပေါ်လာတဲ့ အသံမှတ်တမ်းတွေအရ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က