မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင်မှာ ပြိုင်ဘက်အသင်းနဲ့ ပတ်သက်လို့ ချီးကျူးစကားပြောကြားလိုက်ပါတယ်။ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာကလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။
ပြီးခဲ့တဲ့ရာသီမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အကြိတ်အနယ် ကြိုးစားခဲ့ကြပြီး ဒီရာသီမှာလည်း အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးပါဘူး။ အာတီတာလက်ထက်မှာ အာဆင်နယ် တိုးတက်လာတာကလည်း တကယ်ကို အသိအမှတ်ပြုရမယ့် ကိစ္စရပ်ပါ။
ဂွါဒီယိုလာကလည်း “အာဆင်နယ်က မနှစ်က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ အခုဆိုရင် အာဆင်နယ်က သူတို့ရဲ့ နေရာဟောင်းကို ပြန်ရောက်နေပါပြီ။ ဖာဂူဆန်ရဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့တုန်းက အာဆင်နယ်လို အသင်းမျိုးပေါ့”
“ကျွန်တော် ဒီကို ရောက်လာချိန်မှာ အာဆင်နယ်က အခုလိုမျိုး အနေအထား မဟုတ်ပါဘူး။ အခုတော့ အာဆင်နယ် ပြန်လာပါပြီ။ အာဆင်နယ်နဲ့ သွားရောက်ရင်ဆိုင်ချိန်မှာ ဒါကို ခင်ဗျားတို့ မြင်မှာပါ။ သူတို့က တစ်ခါတလေ တစ်ယောက်ချင်း လူကပ်ပေမယ့်လည်း တစ်ခါတလေတော့လည်း သူတို့ရဲ့ ကြောက်ဖို့ကောင်းတဲ့ တိုက်စစ်ကြီး ပြန်မစခင် ခင်ဗျားကို လုပ်ချင်တာ ပေးလုပ်ထားပါတယ်”
“နောက်ပြီး သူတို့ရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေကလည်း တကယ်ကို ထိပ်တန်းအဆင့်ရှိပြီး အံ့အားသင့်စရာပါပဲ” ပဲလို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား နောက်ဆုံးရခဲ့တာက ရှုံးပွဲမရှိစံချိန်၊ ရွှေဖလားနဲ့ ရခဲ့တဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။