လီဗာပူး နောက်ခံလူ ဗန်ဒိုက်ချ်က ဘရိုက်တန်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှ ပြိုင်ဘက်ကစားသမား ပါစကယ်လ်ဂရော့စ် အထုတ်မခံရတဲ့အပေါ် မေးခွန်းထုတ် စဉ်းစားခဲ့မိကြောင်း ဖွင့်ဟလိုက်ပါတယ်။ အဆိုပါပွဲမှာ ဘရိုက်တန်ကွင်းလယ်လူ ဂရော့စ်က ဆိုဘော့ဇ်ဆလိုင်းကိုနောက်ကနေ ဖျက်ထုတ်ခဲ့တာပါ။
ဒီဖြစ်ရပ်အတွက် ပင်နယ်တီပေးခဲ့ပေမယ့် ဂရော့စ်ကိုတော့ အနီကတ်ပြသခဲ့ခြင်းမရှိဘဲ ဂရော့စ်နဲ့ ဘရိုက်တန်အတွက် ကံကောင်းသွားခဲ့ပါတယ်။ ဒါဟာ လီဗာပူးအတွက်တော့ ပရီးမီးယားလိဂ်မှာ နှစ်ပတ်ဆက်တိုက် ဒိုင်တွေရဲ့အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
ပြီးခဲ့တဲ့အပတ်က စပါးကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ဒီယက်ဇ်သွင်းယူခဲ့တဲ့ဂိုးကို မှားယွင်းပယ်ဖျက်ခံခဲ့ရသလို ကာတစ်ဂျုံးစ်၊ ဂျိုတာတို့လည်း အနီကတ်တွေနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီယက်ဇ်ရဲ့ဂိုးအတွက်တော့ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ်ဘက်က တရားဝင် ပြန်လည်တောင်းပန်ခဲ့ပါတယ်။