ယူနိုက်တက်နည်းပြ တန်ဟက်ခ်က လက်ရှိမှာ ဖိအားများနေတဲ့ ယူနိုက်တက်ဂိုးသမား တန်ဟက်ခ်အနေနဲ့ အခုထက် ပိုမိုတိုးတက်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီကမှ အင်တာမီလန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာပါ။
အဆိုပါ ဂိုးသမားဟာ အေဂျက်စ်မှာ တန်ဟက်ခ်နဲ့ လက်တွဲခဲ့ဖူးပြီး တန်ဟက်ခ်က သူ့ရဲ့ ကစားကွက်အတွက် သင့်တော်တဲ့ ဂိုးသမားဖြစ်တာကြောင့် အိုနာနာကို အရခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိုနာနာကတော့ ပွဲတိုင်းနီးပါး အမှားအယွင်းတွေ ကျူးလွန်နေပြီး ဖိအားတွေအောက် ကျရောက်နေပါတယ်။
တန်ဟက်ခ်က “အိုနာနာလည်း သိသလို ကျွန်တော်တို့လည်း သိပါတယ်။ သူက အခုထက် ပိုကောင်းလာပါလိမ့်မယ်။ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ကစားသမားတိုင်းအတွက် အချိန်တစ်ခု လိုအပ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ တိုးတက်ဖို့ လိုအပ်ပါတယ်။ ယူနိုက်တက်ရဲ့ ဂိုးသမားကြီးတွေဖြစ်တဲ့ ရှမိုက်ကယ်၊ ဒီဂီယာတို့လည်း ဒါကို အရှုံးမပေးခဲ့ပါဘူး”
“အိုနာနာလည်း ဒီလိုမျိုး သမိုင်းကြောင်းကို နည်းနည်းသိထားတာက ကောင်းပါတယ်။ ကျွန်တော်တို့က ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ နေထိုင်ရမှာပါ။ အိုနာနာအနေနဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသဖို့ လိုအပ်ပါတယ်။ သူ လုပ်နိုင်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်”
“ဒါမျိုးကို သူ ဘာစီလိုနာ၊ အေဂျက်စ်၊ အင်တာမီလန်တို့မှာ ပြသခဲ့ပြီးပါပြီ။ သူက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေကိုလည်း ရောက်ပြီးပါပြီ။ သူက ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်မှုမျိုးကို ပြသမယ်ဆိုတာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။