နဗီးလ်က ကာရေဂါကိုတမင်မွှေခဲ့ပုံပါပဲ။

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က မဟာပြိုင်ဘက် လီဗာပူးကို ထိပ်သီး (၆) သင်းစာရင်းထဲမှာတောင် မသွင်းတော့တာကို မြင်တွေ့နေရပါတယ်။ ဒီဖြစ်ရပ်ကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူအချို့အကြောင်း မေးရင်း မြင်တွေ့ခဲ့ရတာပါ။



ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေက “ထိပ်သီး (၆) သင်း ပြင်ပက အကောင်းဆုံး ကွင်းလယ်လူက ဘယ်သူလဲ” လို့ မေးမြန်းခဲ့ကြပါတယ်။ ဒီအချိန်မှာ ဂယ်ရီနဗီးလ်ဖြေခဲ့တဲ့အဖြေက လီဗာပူးအတွက် တော်တော်လေး အရှိုက်ထိစရာ ကောင်းခဲ့ပြီး ကာရေဂါလည်း မကြာခင် ပြဿနာရှာတော့မယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။
ဂယ်ရီနဗီးလ်က “ထိပ်သီး (၆) သင်းပြင်ပက အကောင်းဆုံး ကွင်းလယ်လူဆိုရင် လီဗာပူးက မက်အယ်လစ္စတာပါ” လို့ ဖြေကြားခဲ့ပါတယ်။ ဒါဟာ လီဗာပူးကို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး (၆) သင်းစာရင်းထဲ မထည့်သွင်းတဲ့ ဂယ်ရီနဗီးလ်ရဲ့ ခံယူချက်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒီအဖြေကတော့ ပရီသတ်အချို့အတွက် ပွဲကျစရာဖြစ်ခဲ့ပြီး နဗီးလ်တစ်ယောက် ကာရေဂါကို ပြဿနာရှာဖို့ အစပြုလိုက်တာပဲလို့ မှတ်ချက်ပြုနေကြပါတယ်။ ပရိသတ်တွေက “နဗီးလ်က ကာရေဂါ သူ့ကို လာကိုက်မှာကို စောင့်နေတာပဲ” “ငါ့အတွက်တော့ ဒီအဖြေက ဘရူနိုဖာနန်ဒက်စ်ပဲ” လို့ အမျိုးမျိုး မှတ်ချက်ပေး တုံ့ပြန်ခဲ့ကြပါတယ်။
မက်အယ်လစ္စတာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘရိုက်တန်ကနေ လီဗာပူးကို ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အသင်းသစ်မှာ အယ်လစ္စတာက ကစားနေကျ နေရာမှာ မကစားရပေမယ့် ကလော့ပ် အားကိုးရတဲ့ ကစားသမားတစ်ဦးအဖြစ် အသင်းအတွက် အသုံးတည့်နေဆဲလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က