လီဗာပူးကိုလည်း ရောကြိတ်ခဲ့ပါသေးတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က ဂွါဒီယိုလာသာ မန်စီးတီးမှာ မရှိတော့ရင် မန်စီးတီးတို့ ဘယ်လိုဖြစ်မယ်ဆိုတာကို စောင့်ကြည့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်း မန်ချက်စတာနှစ်သင်းရဲ့ အနေအထားက တစ်ဖက်စောင်းနင်းဖြစ်သွားခဲ့ပါတယ်။



ဖာဂူဆန်အနားယူသွားချိန်နဲ့ပါ တိုက်ဆိုင်ခဲ့တဲ့နောက် နောက်ပိုင်းနှစ်တွေမှာ​ ယူနိုက်တက်က မန်စီးတီးနဲ့တွေ့တိုင်း အောက်အသင်းတစ်သင်းလိုဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာလည်း မန်စီးတီးက ယူနိုက်တက်ရဲ့ သမိုင်းဝင် ဆုဖလား (၃) လုံးအောင်မြင်မှုကို လိုက်မီနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဘာဘာတော့ဗ်က “ယူနိုက်တက်က မန်စီးတီးနောက်ကနေ လိုက်နေရတာ အမှန်ပါပဲ။ ဘာမှကွဲပြားခြားနားတာမျိုး မရှိပါဘူး။ ပုံစံတွေက ပြောင်းလဲသွားခဲ့ပြီး ဒါက အားလုံးအတွက် နာကျင်စရာပါ။ ဒါပေမယ့် ဒါက လက်ခံရမယ့် အချက်တစ်ခုပါပဲ”
“ဂွါဒီယိုလာသာ မန်စီးတီးကို စွန့်ခွာသွားခဲ့ရင် ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။ မန်စီးတီးက သူတို့ရဲ့ ပုံစံအတိုင်း ရှေ့ဆက်နိုင်မလား ဒါမှမဟုတ်​ ယူနိုက်တက်နောက်ကို ရောက်သွားမလား ဆိုတာကိုပေါ့။ တတ်နိုင်သလောက် ကွာဟချက်တွေကို လျှော့ချနိုင်ဖို့က ယူနိုက်တက်အပေါ်မှာလည်း မူတည်ပါတယ်”
“ကျွန်တော်တို့က အခုဆိုရင် ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေတဲ့ အရေးနဲ့ ကြုံနေရပါတယ်။ အခုဆိုရင် (၁၀) နှစ်ရှိပါပြီ။ ကျွန်တော်တို့က လီဗာပူးလိုမျိုး ဖြစ်မယ့် အနေအထားကို ရောက်နေပြီး​ဒါက တကယ်ကို ကြီးမားတဲ့ ကပ်ဘေးဆိုက်မှုတစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က