မန်စီးတီးအသင်းသားတွေ အောင်ပွဲခံတာကို နားထောင်ခိုင်းခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအပြီး အဝတ်လဲခန်းအတွင်းမှာတင် အသင်းရဲ့ ကစားသမားတွေကို ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်က သုံးဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။



ပွဲအပြီးမှာ မန်စီးတီးကစားသမားတွေက သူတို့ရဲ့ အဝတ်လဲခန်းအတွင်း အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။ ဒါ့အပြင် “ငါတို့ ချန်ပီယံထပ်ဖြစ်ပြန်ပြီ”​လို့ အော်ဟစ်ကာ အောင်ပွဲခံခဲ့ကြပြီး ဒီအောင်ပွဲခံသံတွေကို ယူနိုက်တက်ရဲ့ အဝတ်လဲခန်းအတွင်းကလည်း ကြားသိခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း တန်ဟက်ခ်ကတော့ ယူနိုက်တက် ကစားသမားတွေကို တိတ်တိတ်နေခိုင်းခဲ့ပြီး မန်စီးတီးကစားသမားတွေရဲ့ အောင်ပွဲခံသံတွေကို နားထောင်စေခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ အဆိုပါပွဲမှာ ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဖိုဒန်ရဲ့ သွင်းဂိုးတို့နဲ့အတူ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

ဒါ့အပြင် ပွဲချိန်အတွင်း တစ်ဦးချင်းအလိုက်ရော၊ အသင်းလိုက်အရပါ ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိဘဲ မန်စီးတီးကို ခြေပြတ်၊ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်က သူ့အသင်းသားတွေကို မန်စီးတီးကစားသမားတွေရဲ့ အောင်ပွဲခံသံတွေကို နားထောင်စေပြီး အပြစ်ပေးခဲ့တာပါ။
တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ ပတ်ပြေးခိုင်းခဲ့ပါတယ်။ ဒါဟာ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် အပြစ်ပေးခဲ့ပြီး တန်ဟက်ခ်ကိုယ်တိုင်ကလည်း ဒီအစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ကာ သူ့ကိုယ်သူ အပြစ်ပေးခဲ့ကြောင်း သိရှိရပါတယ်။

Share

Loading Next Article...
က္က