ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြတန်ဟက်ခ်က အသင်းရဲ့ လက်ရှိလူစာရင်းနဲ့ ပတ်သက်လို့ အေးအေးဆေးဆေးရှိနေကြောင်း ပြောကြားခဲ့ပြီး အဝတ်လဲခန်းထဲမှာလည်း ပြဿနာမရှိကြောင်း ဆိုလာပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရတာပါ။



ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီး၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာဆိုရင် ကာရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်ဖြစ်တာကြောင့် ပြီးခဲ့တဲ့ရာသီက ချန်ပီယံဂုဏ်ပုဒ်ကို ကာကွယ်ခွင့် မရှိတော့ပါဘူး။
လက်ရှိမှာတော့ ယူနိုက်တက်ကစားသမားအချို့နဲ့ တန်ဟက်ခ်အကြား အဆင်မပြေမှုတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အထူးသဖြင့် မက်ဂွိုင်းရား၊ ဆန်ချိုတို့လို အင်္ဂလန်သားတွေကို တန်ဟက်ခ်က ပြတ်ပြတ်သားသား တောင်းဆိုမှုတွေရှိခဲ့ပြီး ဒီကစားသမားတွေက မလိုက်နိုင်လို့လည်း တန်ဟက်ခ်ရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရတာပါ။
ဒါပေမယ့် တန်ဟက်ခ်ကတော့ “ကျွန်တော့်မှာ ကောင်းမွန်တဲ့ လူစာရင်းရှိနေပြီး အဝတ်လဲခန်းထဲက ကစားသမားတွေအခြေအနေနဲ့ ပတ်သက်လို့လည်း ကျွန်တော် အေးဆေးပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီကစားသမားတွေကို မြင်တွေ့ခဲ့ရပြီး သူတို့က ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်အပေါ်မှာလည်း မူတည်တာပေါ့”
“သူတို့ ပိုကောင်းအောင် ကစားနိုင်ဖို့ ကျွန်တော်က တာဝန်ယူမှာပါ။ ကျွန်တော့်မှာ ရှိသမျှအားအကုန်ထုတ်ထားပြီး လက်ရှိမှာတော့ ကောင်းမွန်တဲ့ လူစာရင်းရှိနေတာကြောင့် အပြောင်းအရွှေ့ကာလအကြောင်းကို မစဉ်းစားသေးပါဘူး။ ကစားသမားတွေအကုန် သက်သာလာရင် ကျွန်တော်တို့ သေချာပေါက် ပိုကောင်းအောင် ကစားနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က