အကောင်းမြင်စိတ်ရှိတဲ့အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းရဲ့ရာသီအဖွင့်အနေအထားအတွက် ကျေနပ်အားရမိကြောင်း ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက လူတန်တောင်းနဲ့ပွဲစဉ်မှာ လင်ဒီလော့ဖ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒါဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီ (၅) ပွဲမှာ ယူနိုက်တက်တို့ မန်စီးတီးတစ်သင်းတည်းကိုသာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီအစောပိုင်းမှာ နိုင်ပွဲထက် ရှုံးပွဲက ပိုမိုများပြားနေခဲ့ပြီး အသင်းကလည်း ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ရုန်းကန်ခဲ့ရပါတယ်။ မနေ့ညက ပွဲစဉ်မှာလည်း အသင်းရဲ့ တိုက်စစ်မှူး ဟို့ဂျ်လန်း ဒဏ်ရာရရှိခဲ့တာကြောင့် မာရှယ်လ်နဲ့ လူစားလဲခဲ့ရပါသေးတယ်။
လူတန်တောင်းနဲ့ပွဲအပြီးမှာတော့ တန်ဟက်ခ်က “အသင်းရဲ့ ရာသီအစအနေအထားနဲ့ ပတ်သက်လို့ လုံးဝကို အကောင်းမြင်စိတ်ရှိပါတယ်။ ကျွန်တော်တို့က ဖြေရှင်းစရာ ပြဿနာတွေ အားလုံးပြီးဆုံးသွားတာတောင်မှ ထိပ်ဆုံး (၄) သင်းနဲ့ ကပ်လျက်အနေအထားမှာရှိနေပြီး ကျွန်တော်တို့ အသင်း ပုံစံကောင်းပြလာတဲ့အချိန်ကျရင် တခြားအသင်းတွေလည်း အမှတ်လျော့ကြဦးမှာပါ”
“အခု ကျွန်တော်တို့က ပရီးမီးယားလိဂ် နောက်ဆုံး (၅)​ပွဲမှာ (၄) ပွဲအထိ အနိုင်ရထားပါတယ်။ ဒါကောင်းမွန်တဲ့ကိစ္စတစ်ရပ်ပါ။ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေနဲ့ ယှဉ်ရင် အခု ရောက်နေတဲ့နေရာက အရမ်းကို ကောင်းပါတယ်။ ဒါကပဲ အကောင်းမြင်ရတဲ့ အကြောင်းရင်းပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က