ကောလာဟလတွေကို ငြင်းဆန်ခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီကလပ်တွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်နဲ့အတူ ရုန်းကန်နေရတဲ့ ကစားသမားတစ်ယောက်ပါ။



ယူနိုက်တက်ဟာ ရာသီအဖွင့်တောက်လျှောက် ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ​ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့် တက်ဖို့ မသေချာတော့ပါဘူး။ ဒီလိုအချိန်မျိုးမှာပဲ ပေါ်တူဂီကွင်းလယ်လူရဲ့ အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ “ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ယူနိုက်တက်တို့အပေါ်မှာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ကျွန်တော် အခု ရှိနေတဲ့နေရာမှာပဲ ပျော်နေပါတယ်။ နိုင်ငံအသင်းမှာဆိုရင်လည်း ကျွန်တော်တို့ သိပ်ကောင်းတဲ့ အချိန်တချို့ကို ပိုင်ဆိုင်ခဲ့ပါတယ်”

“ယူနိုက်တက်မှာတော့ ကျွန်တော်တို့ အလိုရှိတဲ့ပုံစံအတိုင်း ရာသီတစ်ခုကို အစမပြုနိုင်ခဲ့ပါဘူး။ ကျွန်တော် ကောလာဟလသတင်းတွေကို မဖတ်သလို ဒါတွေကိုလည်း အာရုံမစိုက်ပါဘူး။ ဒီနေ့ခေတ်မှာ မီဒီယာတွေကတစ်ဆင့် ကောလာဟလတွေ လွှင့်ရတာ အရမ်းကို လွယ်ကူပါတယ်”

“ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်ရဲ့ အိပ်မက်တွေအပေါ်မှာပဲ အာရုံစိုက်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ကွင်းအတွင်းမှာ မကြာခဏ စောဒကတက်တဲ့ အပြုအမူတွေကြောင့်လည်း ဝေဖန်ပြစ်တင်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က