မာတီနက်ဇ်က ပရိသတ်ကို ကာကွယ်ပေးခဲ့တာပါ။

အာဂျင်တီးနား​ ဂိုးသမား မာတီနက်ဇ်ဟာ ဘရာဇီးကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူ့အသင်းပရိသတ်တွေကို ကာကွယ်ဖို့အတွက် လုံခြုံရေးရဲတစ်ဦးကို ဝင်ရောက် ဟန့်တားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲက ကွင်းအတွင်းမှာလည်း ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့တာပါ။



ပွဲမတိုင်ခင် နှစ်ဖက်ပရိသတ်တွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့သလို အာဂျင်တီးနားပရိသတ်တွေနဲ့ ဘရာဇီးရဲတွေလည်း ပြဿနာဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲကို ပုံမှန်ထက် နောက်ကျပြီး ကစားခဲ့ရပါတယ်။


အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကိုယ်တိုင်က အာဂျင်တီးနားပရိသတ်တွေကို ရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုနဲ့ပတ်သက်လို့ ကန့်ကွက် ပြောကြားခဲ့ပါသေးတယ်။ နှစ်သင်း ကစားသမားတွေ နိုင်ငံတော်သီချင်း သီဆိုပြီးတဲ့နောက်မှာ နှစ်ဖက်ပရိသတ်တွေအကြား ပွဲကြည့်စင်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။

ဒီအချိန်မှာ အာဂျင်တီးနားပရိသတ်တွေကို ထိန်းချုပ်ဖို့ သွားရောက်နေတဲ့ ရဲတစ်ဦးကို မာတီနက်ဇ်က ပွဲကြည့်စင်နားအထိ သွားရောက်ကာ တွန်းထိုးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျန်ရဲနှစ်ဦးက မာတီနက်ဇ်ကို ပြန်လည်တွန်းထိုးခဲ့ပြီး အသင်းဖော်တွေကလည်း မာတီနက်ဇ်ကို ကြားဝင်ဖျန်ဖြေခဲ့ရပါတယ်။
ဒီနှစ်သင်းဟာ တောင်အမေရိကတိုက်ရဲ့ အစဉ်အလာရှိ အသင်းနှစ်သင်းဖြစ်ပြီး တွေ့ဆုံချိန်တိုင်းလည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ မာရာကာနာကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အခုပွဲမှာတော့ အာဂျင်တီးနားက အော်တာမန်ဒီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က