အိုနာနာက အမှားတွေကျူးလွန်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဂါလာတာစာရေးနဲ့ပွဲမှာ သုံးဂိုးစီသရေကျခဲ့တဲ့နောက် အသင်းရဲ့ ဂိုးသမား အိုနာနာကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး ကာကွယ်ပေးသွားခဲ့ပါတယ်။ တူရကီမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ယူနိုက်တက်တို့ သရေနဲ့ ကျေနပ်ခဲ့ရတာပါ။



ယူနိုက်တက်ဟာ ဒီပွဲမှာ ၀-၂ ဂိုး၊ ၁-၃ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ ဦးဆောင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အိုနာနာက ဇီယက်ချ်ရဲ့ ပြစ်ဒဏ်ဘော ကန်ချက် နှစ်ကြိမ်မှာ နှစ်ကြိမ်စလုံး အမှားလုပ်ခဲ့ပြီး ယူနိုက်တက်တို့ ချေပဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။


ဒီပွဲမနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ချန်ပီယံလိဂ်အုပ်စု (၅) ပွဲ ကစားပြီးချိန်မှာ ယူနိုက်တက်တို့ ပေးဂိုးက (၁၄)​​ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ အိုနာနာတစ်ယောက် သူ့ရဲ့ လက်အိတ်ကို ချွတ်၊ လွှင့်ပစ်ကာ ကြေကွဲနေပုံပေါ်ခဲ့ပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့လည်း လက်ရှိမှာ ရင်ဆိုင်နေရပါတယ်။ တန်ဟက်ခ်ကတော့ “ကျွန်တော်တို့ အတူတူရှုံးတယ်၊ အတူတူနိုင်ပါတယ်”
“အိုနာနာက အဆင်ပြေနေပါတယ်။ ဒါက တစ်ယောက်တည်းကို ပြောရမယ့်ကိစ္စ မဟုတ်ပါဘူး။ တစ်ဦးချင်းအမှားက ဘောလုံးမှာ ကွဲပြားခြားနားမှုတွေဖြစ်တတ်ပြီး ဒါကို တာဝန်ယူရပါလိမ့်မယ်။ ဒါပေမယ့် အမြဲတမ်းတော့ အသင်းလိုက်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီအသင်းမှာရှိနေတဲ့ ကစားသမားတိုင်းက ထူးချွန်တာကြောင့် ယူနိုက်တက်အတွက် ကစားပေးဖို့ ထိုက်တန်ကြပါတယ်” လို့ ကာကွယ်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က