မာရှယ်လ်နဲ့ တန်ဟက်ခ်တို့ ငြိခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ရဲ့ပွဲမှာ နယူးကာဆယ်က ဂေါ်ဒွန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာလည်း ဖြစ်ပါတယ်။



ပထမပိုင်းမှာ တန်ဟက်ခ်က နောက်ပြန်မဆင်းတဲ့ မာရှယ်လ်နဲ့ ကွင်းအတွင်း အခြေအတင်ဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဒီကစားသမားကို ဟို့ဂျ်လန်းနဲ့ လူစားလဲခဲ့ပါတယ်။ မာရှယ်လ်က အသင်းဘောလုံး ဆုံးရှုံးသွားချိန်မှာ ပြန်လိုက်ဖို့ ပျက်ကွက်ခဲ့တာပါ။



ဒီအနေအထားမျိုးကတစ်ဆင့် အယ်လ်မီရွန်က ဂိုးရမလိုဖြစ်ခဲ့ပြီး တန်ဟက်ခ်ကတော့ သူ့ကစားသမားကို ကွင်းထဲမှာတင် ဒေါသထွက်ခဲ့တာပါ။ တန်ဟက်ခ်က လက်ဟန်ခြေဟန်နဲ့ မာရှယ်လ်ကို ခံစစ်ကူဖို့ ဒေါသတကြီး ပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး မာရှယ်လ်ကလည်း နားမလည်နိုင်ဟန်နဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

မာရှယ်လ်ဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက် ပွဲထွက်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတာပါ။
မာရှယ်လ်ဟာ အရင် ယူနိုက်တက်နည်းပြဟောင်းတွေ လက်ထက်မှာကတည်းက ပျင်းရိတဲ့ ကစားပုံနဲ့ ကစားသမားအဖြစ် နာမည်ကြီးသူပါ။ ဒီရာသီမှာလည်း မာရှယ်လ်က အသင်းအတွက် တစ်ပွဲမှ ပွဲချိန်ပြည့် ကစားပေးထားနိုင်ခြင်း မရှိသေးပါဘူး။​

Share

Loading Next Article...
က္က