အဝါကတ် ငါးကတ်ပြည့်တော့မှာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဒီကြားရက်မှာ ကစားမယ့် ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာသာ အဝါကတ်ထိခဲ့ရင် ပွဲပယ်ခံရတော့မှာပါ။ လက်ရှိမှာ ဘရူနိုဖာနန်ဒက်စ်က အဝါကတ် (၄) ကတ်အထိ ပြသခံရပြီးပါပြီ။



အဆိုပါ ပေါ်တူဂီလူမျိုး ကွင်းလယ်လူဟာ စပါး၊ နော်တင်ဟမ်ဖောရက်စ်၊ ဘရိုက်တန်၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ အဝါကတ်ထိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဘုန်းမောက်နဲ့ပွဲမှာ ပွဲပယ်မထိချင်ရင် ချဲလ်ဆီးနဲ့ပွဲမှာ အဝါကတ်ကို ရှောင်ကစားနိုင်ဖို့ လိုအပ်ပါတယ်။
ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကျပ်အဖြစ် ရင်ဆိုင်ကစားရမှာပါ။ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲရှာတွေ့ဖို့ လိုအပ်နေပါတယ်။
ဒါ့အပြင် အသင်းမှာ ဒဏ်ရာရကစားသမားတွေ၊ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ကစားသမားတွေ များပြားနေတာကြောင့် ရှိတဲ့ အဓိကထောက်တိုင် ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို မဆုံးရှုံးဖို့ အရေးကြီးနေပါတယ်။ အဝါကတ် (၅) ကတ်ပြည့်တိုင်း တစ်ပွဲပယ်ခံရတဲ့ စည်းမျဉ်းကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေ မျက်ခုံးလှုပ်နေရတာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက် အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် ကွင်းအတွင်း သူ့ရဲ့ ဟန်ဆောင်မူပိုမှုတွေ၊ ကွင်းလယ်ဒိုင်တွေကို အပြင်းအထန် စောဒကတက်မှုတွေကြောင့် ရုပ်သံဝေဖန်သူတွေ၊ ပရိသတ်တွေရဲ့ ဝေဖန်မှုကို မကြာခဏ ရင်ဆိုင်နေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က